၂၆

12.1K 1.5K 70
                                    



Unicode





ဝမ်ရိပေါ်ကိုမြင်လိုက်ရတဲ့အခါမှာ‌ ရှောင်းကျန့်ရဲ့မျက်နှာလေးမှာအံ့ဩမှုနဲ့ပျော်ရွှင်မှု အရိပ်အ‌ယောင်အလေးတွေရောယှက်သွားသည်။အံ့ဩတာကရိပေါ်ဒီအခန်းထဲကိုဘယ်လိုဝင်လာတာလဲ။ပျော်ရွှင်သွားတာကတော့ အိမ်ရှေ့စံမင်းသားအစားရိပေါ်ကိုတွေ့လိုက်ရလို့ပင်။ဒါပေမယ့်ရှောင်းကျန့်ရဲ့အပျော်တွေကသူ့ရဲ့အတွေးတစ်ခုကြောင့်ပျက်ဆီးသွားသည်။အခုရိပေါ်ကဒီအခန်းထဲမှာရှိနေတယ်။အိမ်ရှေ့စံမင်းသားကတွေ့သွားရင် ရိပေါ်ဒုက္ခရောက်လိမ့်မယ်။ထိုအရာကိုတွေးလိုက်မိတာနဲ့ ရှောင်းကျန့်ထိုင်နေရာကထလိုက်ပြီး ရိပေါ်ရဲ့လက်ကိုဆွဲကာ တံခါးဝဆီသို့ဦးတည်လိုက်သည်။

"ရိပေါ်....မင်းဒီမှာဘာလုပ်နေတာလဲ။မြန်မြန်...."

သူ့ရဲ့လက်ကိုပြန်ဆွဲလိုက်ကာ မျက်နှာချင်းဆိုင်စေလိုက်တဲ့ရိပေါ်ကြောင့် ရှောင်းကျန့်စကားတောင်ဆုံးအောင်မပြောလိုက်ရပေ။ရိပေါ်ကသူ့လက်ထဲက လက်သေးသေးလေးကိုအမြတ်တနိုးနမ်းရှိုက်လိုက်သည်။ပြီးတော့ရှောင်းကျန့်ရဲမျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံစေကာတောင်းဆိုသလိုလေးပြောလာသည်။

"ထွက်ပြေးကြရအောင်.......ကိုယ်တို့ထွက်ပြေးကြရအောင်...ကိုယ်နဲ့လိုက်ခဲ့ပါ..."

သူလည်းထွက်ပြေးချင်ကြောင်းကိုရိပေါ်ရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာပြောလိုက်ချင်ပါသည်။ဒါပေမယ့်သူသာထွက်ပြေးသွားရင် သူ့မယ်တော်၊ခမည်းတော်နဲ့သူ့ရဲ့ပြည်သူတွေအားလုံးဒုက္ခရောက်ကြလိမ့်မယ်။ရိပေါ်ကိုင်ထားတဲ့သူ့ရဲ့လက်ကိုပြန်ဆွဲယူလိုက်ကာ ရိပေါ်ရဲ့အကြည့်တွေကိုရှောင်လွှဲလိုက်သည်။

"ငါမလိုက်ဘူး....."

သူ့နတ်သားလေးရဲ့အဖြေကရိပေါ်ရဲ့နှလုံးသားကိုဓားတစ်ချောင်းအလားစိုက်ဝင်သွားသည်။ယောက်ျားတန်မဲ့သူ့ရဲ့မျက်ဝန်းမှာ မျက်‌ရည်တွေကဝေ့သီလာရပြန်သည်။

"ဘာလို့လဲ....ကိုယ့်ကိုမချစ်လို့လား....."

ရိပေါ်ရဲ့မေးခွန်းကိုကြားတော့ ရှောင်းကျန့်ရဲ့မျက်နှာလေးကမယုံကြည်နိုင်မှု၊ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်သွားရသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now