16.8K 1.7K 12
                                    






Unicode



ကျိုးဘုရင်ကြီးမှာမိဖုရားတွေကိုယ်လုပ်တော်တွေကမရေမတွက်နိုင်အောင်ရှိတယ်။ဒါပေမယ့်သုတို့ထဲကဘယ်သူကမှကျိုးဘုရင်ကြီးအတွက်ကလေးမမွေးဖွားပေးနိုင်ကြဘူး။အကြောင်းကတော့မိဖုရားလွီကသူတို့တွေနန်းတော်ကိုစဝင်တည်းကကိုယ်ဝန်တားဆေးကိုတိုက်ထားလို့ပဲ...ကျိုးဘုရင်ကမိဖုရားရင်းဆုံးပြီးတည်းကအနောက်နန်းဆောင်ကကိစ္စတွေကိုဝင်မပါတော့တာဖြစ်တဲ့အတွက်ဒါကိုသိပေမယ့်လည်းမိဖုရားလွီစိတ်တိုင်းကျသာလွှတ်ထားတယ်။အဲ့တော့ကျိုးဘုရင်ကြီးမှာသားသမီးဆိုလို့မိဖုရားလွီရဲ့သားတော်သုံးပါးသာရှိတယ်။သူတို့ကတော့ မင်းသားတစ် ယွင်ကျောက်၊မင်းသားနှစ် ဟောက်ရွှမ်း နဲ့ မင်းသားသုံး ကျီရွှမ်း တို့ပဲဖြစ်ကြတယ်။

မင်းသားတစ်နဲ့ မင်းသားနှစ်ကိုမိဖုရားလွီကဂရုစိုက်ချစ်ခင်ပေမယ့်ကျီရွှမ်းကိုတော့အေးတိအေးစက်သာဆက်ဆံတယ်။ကျီရွှမ်းကလည်းတစ်ယောက်တည်းနေတတ်တဲ့သူဖြစ်တဲ့အတွက်သူ့မိခင်ရဲ့အေးစက်စက်အပြုအမူတွေအပေါ်သိပ်ပြီးစိတ်ထဲရှိမနေဘူး။

ရှောင်းကျန့်နဲ့ကျီရွှမ်းခန်းမဆောင်ထဲရောက်တော့မင်းကြီးနဲ့မိဖုရားလွီကလွဲပြီးကျန်တဲ့သူတွေကရောက်နေကြပြီ။ခန်းမဆောင်ရဲ့အလယ်မှာမင်းကြီးနဲ့မိဖုရားလွီအတွက်ပလ္လင်ရှိပြီးဘေးနှစ်ဖက်မှာတော့မင်းသားတစ်နဲ့မင်းသားနှစ်ရဲ့နေရာရှိသည်။မင်းသားတစ်ရဲ့ဘေးမှာတော့သူ့ရဲ့ပထမဇနီးလီဟွာကထိုင်နေပြီး မင်းသားနှစ်ရဲ့ဘေးမှာတော့သူ့ရဲ့ကြင်ယာတော်ချင်းယွဲ့ကထိုင်နေသည်။

ကျီရွှမ်းကခေါင်းကိုညွှတ်လိုက်ပြီး

"အကိုတော်တစ်.....အကိုတော်နှစ်....ကျွန်တော်တို့နောက်ကျသွားတယ်....အကိုတော်တို့ကိုစောင့်ခိုင်းစေမိပြီ"

"မင်းသားတစ်နဲ့မင်းသားနှစ်ကိုရှောင်းကျန့်ဂါရဝပြုပါတယ်..."

မင်းသားနှစ်ဟောက်ရွှမ်းကထရပ်လိုက်ရင်း

"ကျီရွှမ်း....အားနာမနေပါနဲ့....ကိုယ်တော်တို့လည်းအခုမှရောက်တာ....နှစ်ယောက်လုံးထိုင်ကြ"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now