၄၁

16.6K 1.9K 129
                                    






Unicode







အချိန်အတော်ကြာသည်အထိ အိပ်ယာထဲမှာလူးလှိမ့်ပြီးနောက်မှာတော့ ရိပေါ်ဟာစိတ်ကျေနပ်မှုရရှိသွားပြီဖြစ်သည်။သူသောင်းကျန်းထားတဲ့ဒဏ်ကြောင့် မျော့မျော့သာရှိတော့တဲ့ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်အိအိလေးကို ရင်ခွင်ထဲမှာနူးညံ့စွာထွေးပွေ့ထားလိုက်တယ်။ရှောင်းကျန့်ကတော့ပင်ပန်းတဲ့အရှိန်ကြောင့် မျက်လုံးလေးတွေကမှေးစင်းနေပြီး အိပ်ချင်နေပြီဖြစ်သည်။အိပ်ငိုက်နေပြီဖြစ်တဲ့ရှောင်းကျန့်ရဲ့နဖူးလေးကို ရိပေါ်နမ်းရှိုက်လိုက်သည်။နှာခေါင်းဝသို့ရောက်ရှိလာတဲ့ ကြာပန်းနံ့‌လေးကြောင့် ရိပေါ်သဘောကျစွာပြုံးလိုက်သည်။

ဒီလူသားကိုထွေးပွေ့ထားရတယ်ဆိုတာကို သူအခုထိမယုံနိုင်သေးဘူး။ရုတ်တရက်ဒါတွေအားလုံးက အိမ်မက်ဖြစ်နေပြီးသူ့ရင်ခွင်ထဲကသူ့နတ်သားလေး ပျောက်သွားခဲ့ရင်ဆိုတဲ့အတွေးကြောင့် ရိပေါ်ထိတ်လန့်စွာ ရင်ခွင်ထဲကသူ့နတ်သားလေးကို တင်းကြပ်စွာဖက်ထားလိုက်မိသည်။အားပါသွားတာကြောင့် ရင်ခွင်ထဲကရှောင်းကျန့်ရဲ့မျက်လုံးလေးတွေ ပွင့်ဟလာပြီးရိပေါ်ကိုမော့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ.....ရိပေါ်...."

"မင်းကကိုယ့်ဘေးနားမှာရှိနေတာကို ကိုယ်အခုထိမယုံနိုင်သေးဘူး...။ဒီအရာတွေအားလုံးအိမ်မက်ဖြစ်နေမှာကို ကိုယ်ကြောက်တယ်။တစ်နေ့နေ့တစ်ချိန်ချိန်မင်းကိုယ့်ဘေးနားကပျောက်သွားမှာကို ကိုယ်ကြောက်မိတယ်...."

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်စိတ်မကောင်းဖြစ်သွားရကာ ရိပေါ်ရဲ့နှုတ်ခမ်းထက်ကိုသူ့နှုတ်ခမ်းလေးတွေနဲ့ ထိကပ်လိုက်သည်။အနမ်းလေးကနူးညံ့လွန်းပြီး ဘာရမ္မက်မှမပါဝင်တာကြောင့် ရိပေါ်သဘောကျစွာပြုံးလိုက်မိသည်။ခနအကြာမှာ ထိကပ်ထားတဲ့နှုတ်ခမ်းလေးတွေက ပြန်ခွာသွားပြီး ရှောင်းကျန့်ရဲ့အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ကြည့်ကာ ရိပေါ်ကိုမေးလာသည်။

"အိမ်မက်မဟုတ်တာမို့လို့ စိတ်ချလက်ချပျော်လိုက်ပါ။ငါမင်းဘေးမှာရှိနေတာ တကယ်ပါ။ပြီးတော့ငါမင်းဘေးကနေ ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး။ငါ့ကိုယုံပါနော်...."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now