၃၃

12.8K 1.6K 129
                                    



Unicode




ငါးနှစ်ကြာပြီးနောက်......


ငါးနှစ်ဆိုတဲ့အချိန်ဟာ လျင်မြန်စွာပင်ကုန်ဆုံးသွားခဲ့သည်။ဒီငါးနှစ်အတွင်းမှာအဖြစ်အပျက်များစွာဖြစ်သွားခဲ့သည်။ဒီငါးနှစ်အတွင်းတွင်ကျိုးနိုင်ငံမှာလည်း ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။ကျိုးဘုရင်ကြီးနတ်ရွာစံသွားတာကြောင့်ကျိုးဘုရင်ကြီးရဲ့နေရာကို အိမ်ရှေ့စံဖြစ်သောကျီရွှမ်းက ကျိုးဘုရင်အဖြစ်အရိုက်အရာဆက်ခံသည်။

မိဖုရားလွီကသူမရဲ့တူမဖြစ်သူလွီမေအော်ကိုမိဖုရားမြှောက်ရန် ကျီရွှမ်းကိုတိုက်တွန်းခဲ့သော်လည်း ကျီရွှမ်းကလက်မခံခဲ့ပေ။ကျီရွှမ်းကမိဖုရားနေရာကို သူ့ရဲ့ကြင်ယာတော်ဖြစ်သူရှောင်းကျန့်ကိုသာတင်မြှောက်ချင်ခဲ့သည်။ထိုကိစ္စကိုအမတ်တွေအားလုံးက တညီတညွတ်တည်းငြင်းပယ်ကြသည်။"တိုင်းပြည်ရဲ့မိခင်နေရာကို ယောက်ျားလေးတစ်ယောက်အားမတင်မြှောက်နိုင်၊ယောက်ျားတစ်ယောက်ကမျိုးဆက်ကိုမမွေးပေးနိုင်"ဟူသောအမတ်တို့၏ အဆိုကိုကျီရွှမ်းကပယ်ချကာ ရှောင်းကျန့်ကိုသာမိဖုရားတင်မြှောက်ရန်ကြိုးပမ်းလေသည်။

ဒါပေမယ့်ကာယကံရှင် ရှောင်းကျန့်ကမိဖုရားမလုပ်ချင်ဟုဆိုကာ ငြင်းပယ်ခဲ့သည်။ရှောင်းကျန့်ရဲ့ငြင်းဆိုမှုကြောင့် မိဖုရားနေရာမှာလွတ်လပ်နေတုန်းပင်ဖြစ်သည်။မိဖုရားလွီ၏စည်းရုံးမှုကြောင့်အမတ်အများစုဟာ ထိုလွတ်လပ်နေသောနေရာအတွက် လွီမေအော်ကိုသာတင်မြှောက်ရန်ဖိအားပေးတောင်းဆိုကြသည်။လွီမေအော်ကိုမိဖုရားတင်မြှောက်ကာထီးနန်းဆက်ခံမယ့်မျိုးဆက်မွေးဖို့ကို အမတ်တွေကတောင်းဆိုကြသည်။

ကျီရွှမ်းကအမတ်‌တွေရဲ့တောင်းဆိုမှုကိုပယ်ချကာတိုင်းပြည်ငယ်လေးတစ်ခုမှ မင်းသမီးတစ်ပါးကိုကြင်ယာတော်အဖြစ်တော်ကောက်ခဲ့သည်။ထိုကြင်ယာတော်မှ သားတော်လေးတစ်ပါးကိုဖွားမြင်ခဲ့သည်။မင်းသားလေးကိုမွေးဖွားပြီးတာနှင့် ထိုမင်းသမီးမှာပျောက်ချင်းမလှပျောက်သွားရတော့သည်။ထိုမင်းသမီးဘာ့ကြောင့်ပျောက်သွားသည်၊ဘယ်လိုပျောက်သွားသည် ဆိုတာကိုတော့ ကျီရွှမ်းသာသိနိုင်လိမ့်မည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now