၄၆(Final)

23.1K 2.1K 124
                                    

Unicode

နန်းဆောင်ထဲသို့ဝင်လာတဲ့အစေခံလေးကြောင့် ရိပေါ်စာဖတ်နေရာမှ ထိုအစေခံလေးကိုကြည့်လိုက်သည်။ထိုအစေခံလေးကရိပေါ်ကိုမြင်တာနှင့် ဦးညွှတ်ကာနှုတ်ဆက်လာသည်။

"အရှင်...."

သူ့ကိုဦးညွှတ်ကာနှုတ်ဆက်နေတဲ့အစေခံလေးကို ရိပေါ်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ကျိုးနိုင်ငံရဲ့မင်းသားတစ်ဆိုတဲ့သူရောက်နေပါတယ်....အရှင်။သူကအရှင့်ကိုတွေ့ခွင့်တောင်းနေပါတယ်....အရှင်...."

အစေခံလေးရဲ့စကားကြောင့် ရိပေါ်အံ့ဩမိသွားသည်။မင်းသားတစ်ဆိုတော့ ကျိုးယွင်ကျောက်လား။မင်းသားတစ်ကသူ့ကိုဘာလို့တွေ့ချင်လဲဆိုတာကို ရိပေါ်စဉ်းစားလို့မရပေ။သူ့ရှေ့မှာဒူးထောက်ဆဲရှိနေတဲ့ အစေခံလေးကိုကြည့်ကာ ရိပေါ်ပြောလိုက်သည်။

"ကောင်းပြီ.... သွားတွေ့ကြတာပေါ့...."

ရိပေါ်ဖတ်လက်စစာအုပ်ကိုလက်ကချကာအစေခံလေးလမ်းပြပေးတဲ့နောက်ကိုလိုက်သွားလိုက်သည်။နန်းဆောင်ကိုရောက်ချိန်မှာတော့ သူ့ကိုစောင့်နေတဲ့ ကျိုးယွင်ကျောက်ကိုတွေ့လိုက်ရသည်။ပျိုးယွင်ကျောက်ရဲ့အခုပုံစံဟာ အရင်ကသူမြင်ဖူးခဲ့တဲ့ပုံစံနှင့် တအားကိုပင်ကွာခြားလို့နေသည်။အမြဲတောက်တောက်ပြောင်ပြောင်ဝတ်ဆင်တတ်တဲ့ မင်းသားတစ်ဟာအခုတော့သာမာန်လူတစ်ယောက်လိုပင်။

သူရောက်လာတာကိုတွေ့တဲ့ မင်းသားတစ်ဟာထရပ်ကာနှုတ်ဆက်လာသည်။မင်းသားတစ်ရှေ့ကခုံမှာဝင်ထိုင်လိုက်ကာ ရိပေါ်ပြောလိုက်သည်။

"ကျိုးနိုင်ငံရဲ့ မင်းသားတစ်က ကျွန်တော့်ကိုဘာကိစ္စနဲ့များတွေ့ချင်ရတာလဲ....."

ယွင်ကျောက်သူ့ရှေ့က ရန်ဘုရင်ကိုကြည့်လိုက်သည်။ရန်ဘုရင်ကမျက်နှာကိုမျက်နှာဖုံးတစ်ခုနဲ့ဖုံးကွယ်ထားတတ်တယ်ဆိုတဲ့ စကားအတိုင်းပင်ရန်ဘုရင်ဟာ မျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားသည်။ရှောင်းကျန့်ကိစ္စနဲ့ပတ်သက်ပြီး ရန်ဘုရင်ကိုသူမကျေနပ်ပေမယ့်လည်း အခုအချိန်မှာ သူ့ကိုအကူအညီပေးနိုင်တာက ရန်ဘုရင်တစ်ယောက်တည်းသာရှိသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now