၂၇

11.7K 1.4K 39
                                    




Unicode



လေးဘက်လေးတန်ကို သံတိုင်တွေနဲ့ကာရံထားတဲ့အကျဉ်းထောင်မှာ လူနှစ်ယောက်ရှိနေပေမယ့်တိတ်ဆိတ်မှုကကြီးစိုးနေသည်။အသက်ရှူနေတဲ့အသံကိုသာကြားနေရသည်။ရိပေါ်ကအကျဉ်းထောင်ရဲ့သံတိုင်တွေကိုမှီပြီးထိုင်နေကာယွီပင်းကတော့တိတ်ဆိတ်နေတဲ့ရိပေါ်ကိုသာထိုင်ကြည့်နေသည်။သံတိုင်ကိုမှီကာငြိမ်နေတဲ့ရိပေါ်ကို ယွီပင်းခေါ်လိုက်သည်။

"ရိပေါ်....."

"ငါတောင်းပန်ပါတယ်....ငါ့ကြောင့်...."

ငြိမ်သက်နေတဲ့ရိပေါ်ထံကမပီမသစကားကထွက်လာသည်။ရိပေါ်စိတ်မကောင်းမဖြစ်အောင်ယွီပင်းပြုံးရွှင်ပြီးပြောလိုက်သည်။

"ငါဘာမှမဖြစ်ပါဘူး.....ရိပေါ်....။အဆင်ပြေပါတယ်။ပြီးတော့အဖမ်းခံရတာဒါပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူး။ရိုးနေပါပြီကွ..."

ရိပေါ်စိတ်ပြေအောင်သာပြောလိုက်ရတာ အမှန်အတိုင်းပြောရရင်ယွီပင်းအဆင်မပြေပါ။ဘုရင့်ဘဏ္ဍာငွေခိုးတဲ့အတွက်ပြစ်ဒဏ်က သေဒဏ်ဆိုတာသေချာသည်။ဒါပေမယ့်သူ့သူငယ်ချင်းစိတ်မကောင်းဖြစ်သွားမှာကိုမလိုလားပါ။ဒါကြောင့်စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဘယ်လိုလဲ.....မင်းရဲ့နတ်သားလေးနဲ့ရောအဆင်ပြေရဲ့လား....."

ယွီပင်းရဲ့မေးခွန်းကိုကြားတော့ရိပေါ်ကပိုလို့တောင်မှိုင်တွေသွားသည်။ဘာမှပြန်မဖြေဘဲမှိုင်တွေတွေနဲ့ထိုင်နေတဲ့ ရိပေါ်ကြောင့်ယွီပင်းသူကြားထားတာကိုပြောလိုက်သည်။

"ရိပေါ်.....ငါကြားတာကတော့....မင်းရဲ့နတ်သားလေးကကြင်ယာတော်ဆို....။မင်းသိပြီးပြီလား..."

ရိပေါ်ပြန်မဖြေလည်းရိပေါ်ရဲ့မျက်နှာအမူအရာကိုကြည့်လိုက်တာနဲ့ သိပြီးသွားပြီမှန်းယွီပင်းရိပ်မိလိုက်သည်။ဒါကြောင့်ဘာမှထပ်မမေးဖြစ်တော့။နှစ်ယောက်စလုံးဘာမှထပ်မပြောဖြစ်ကြဘဲငြိမ်သက်စွာထိုင်နေမိကြသည်။ခနအကြာမှရိပေါ်ကသတိဝင်လာတဲ့လူတစ်ယောက်လိုထရပ်လိုက်သည်။

"ယွီပင်း......စိတ်မပူနဲ့....ငါမင်းကိုဒီအထဲကနေရအောင်ထုတ်ပေးမယ်...."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now