၁၀

14.2K 1.6K 66
                                    


Unicode


"အဘိုး....ဒီငွေကိုအဘိုးကိုပေးခဲ့တဲ့သူကိုမှတ်မိလား"

ရှောင်းကျန့်ဟာသူ့ရဲ့ရှေ့ကဒဏ်ရာတွေကြောင့်တုန်တုန်ရီရီဖြစ်နေတဲ့အဘိုးအိုကိုမေးလိုက်တယ်။ရှောင်းကျန့်ရဲ့စကားကိုအဘိုးအိုကစဉ်းစားကာပြန်ဖြေတယ်။

"အဘိုးအဲ့နေ့က ခါတိုင်းနေ့တွေလိုပဲတုတ်ထိုးချိုချဉ်ကိုထွက်ရောင်းတယ်။နေ့ခင်းဘက်လောက်မှာ နေပူလွန်းတာကြောင့် ဖေးဟွား ဆောင်ကြာမြိုင်ရှေ့ကသစ်ပင်ရိပ်မှာဝင်နားဖြစ်တယ်။ဖေးဟွားဆောင်ကြာမြိုင်ကထွက်လာတဲ့မိန်းကလေးတစ်ဦးက ဝယ်စားပြီးအဘိုးကိုပေးခဲ့တာပဲ။အဘိုးရဲ့မိန်းမမှာအဆုတ်ရောဂါရှိတဲ့အတွက်ဆေးဖိုးကိုအဘိုးကအမြဲစုရတယ်။အဲ့နေ့ကပိုက်ဆံကိုအဘိုးကစုဘူးထဲကိုထည့်ခဲ့တာ...အဘိုးရဲ့မိန်းမရောဂါဖောက်လာတဲ့အခါ‌ ဆေးသွားဝယ်တဲ့အချိန်မှာအခုလိုအဖမ်းခံလိုက်ရတာပဲ။အခုဆိုအဘိုးရဲ့မိန်းမအဆင်ပြေပါ့မလားမသိဘူး"

အဘိုးအိုဟာသူ့ရဲ့စကားဆုံးတာနဲ့ယူကြုံးမရငိုယိုလေတော့တယ်။

"အဘိုးနေတဲ့နေရာကိုပြောပါ။ကျွန်တော်တို့အဘိုးရဲ့မိန်းမကိုကုသပေးပါ့မယ်။ဒါကကျွန်တော်တို့မှားယွင်းဖမ်းဆီးမိတဲ့အတွက်အဘိုးကိုအလျော်ပေးတာပါ။ဒါပေမယ့် အဘိုးဘက်ကလည်းကျွန်တော်တို့ကိုပြန်ကူညီပေးစေချင်တယ်"

"ပြောပါ...အဘိုးကူညီနိုင်တာမှန်သမျှကူညီပါ့မယ်"

"အဘိုး...အဲ့မိန်းကလေးကိုမြင်ရင်မှတ်မိနိုင်လား"

"ရုပ်ကိုမြင်ရရင်တော့အဘိုးမှတ်မိနိုင်ပါတယ်"

အဘိုးအိုရဲ့စကားကြောင့်ပုဝါအောက်ကရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးဟာပြုံးယောင်သန်းသွားတယ်။အမှုအတွက်လမ်းစကိုသူတို့ရှာတွေ့ပြီလေ။တရားစီရင်ရေးအကြီးအကဲဟာတော့ရှောင်းကျန့်နဲ့ကျီရွှမ်းကိုအကဲခတ်လို့နေတယ်။ဒီနေ့ကိစ္စမှာဆိုရင်ကျီရွှမ်းဟာအနည်းငယ်တောင်ဝင်ရောက်ပြောဆိုခြင်းမရှိလေဘူး။ရှောင်းကျန့်ကိုသာလုပ်ပိုင်ခွင့်အကုန်ပေးထားလေတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကျီရွှမ်းဟာသူ့ကြင်ယာတော်ကိုချစ်ခင်မြတ်နိုးတယ်ဆိုတာတွေ့ရတယ်။ဒါ့ကြောင့်နောက်တစ်ခါဆိုရင်ကြင်ယာတော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမယ်။အိမ်ရှေ့စံမင်းသားနေရာကိုဘယ်သူရမယ်မှန်းမသိနိုင်သေးတာကြောင့် မင်းသားသုံးယောက်လုံးကိုသူဟာကပ်ထားဖို့လိုတယ်။ဒါမှသူ့နေရာဟာမြဲနိုင်မယ်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now