၂၅

14.1K 1.6K 104
                                    

Unicode


ရှောင်းကျန့်ရဲ့လည်တိုင်လေးမှာခေါင်းအပ်ပြီးသူသဘောအကျဆုံးဖြစ်တဲ့ ရှောင်းကျန့်ရဲ့ကိုယ်သင်းနံ့လေးကိုရိပေါ်ရှူရှိုက်နေရင်း အမောဖြေနေလိုက်သည်။ချွေးလေးတွေစိုနေတဲ့ ခန္ဓာကိုယ်အိအိလေးကိုလွတ်ထွက်သွားမည့်အလားဖက်ထားမိသည်။နှစ်ယောက်သားဘာစကားမှမပြောဘဲအချိန်အနည်းငယ်ကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက်ဖက်ထားလျက်သာငြိမ်နေမိသည်။

ခနအကြာမှာတော့သူ့ရင်ခွင်ထဲက ရုန်းထွက်လာတဲ့သူ့နတ်သားလေးကြောင့် ဖက်ထားတာကိုရိပေါ်လွှတ်ပေးလိုက်သည်။သူ့နတ်သားလေးကလှဲနေရာကနေထလိုက်သောကြောင့် ရိပေါ်လည်းလိုက်ထိုင်လိုက်သည်။ဖရိုဖရဲဖြစ်နေတဲ့ အောက်ခံအဖြူရောင်ဝတ်ရုံလေးကိုရှောင်းကျန့်သေချာပြန်ဝတ်လိုက်သည်။သူ့ကိုကျောပေးကာဝတ်ရုံကိုပြန်ဝတ်နေတဲ့ သူ့နတ်သားလေးရဲ့ခါးသေးသေးလေးကိုရိပေါ်ဖက်လိုက်ကာ ပုခုံးလေးပေါ်သို့ရိပေါ်မေးတင်လိုက်သည်။

"ကိုယ်မင်းကိုချစ်တယ်....."

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးပြုံးသွားရသည်။ရှောင်းကျန့်ရိပေါ်ဘက်သို့လှည့်လိုက်ကာ ရိပေါ်နဲ့မျက်နှာချင်းဆိုင်လိုက်သည်။သူ့နှုတ်ခမ်းရဲရဲလေးနဲ့ရိပေါ်ရဲ့နှုတ်ခမ်းကိုဖိကပ်လိုက်သည်။အနမ်းလေးကဘာမှမပါဘဲဖြူစင်လွန်းကာ တိုတောင်းလွန်းလှသည်။ခနလေးသာဖိကပ်နမ်းရှိုက်ပြီး ရိပေါ်နှုတ်ခမ်းပေါ်ကနှုတ်ခမ်းရဲရဲလေးကပြန်ခွာသွားသည်။

"ငါတို့ထွက်လာတာကြာနေပြီ။ပြန်ကြရအောင်....."

သူ့နတ်သားလေးရဲ့စကားအတိုင်းတခြားသူတွေရှိတဲ့နေရာကို ရိပေါ်တို့ပြန်ထွက်လာကြသည်။ရိပေါ်တို့ပြန်ရောက်သွားချိန်မှာတော့ ရှောင်းကျန့်အနားယူဖို့အတွက်ရွက်ဖျင်တဲဆောက်တာလည်းပြီးဆုံးသွားပြီဖြစ်သည်။သူတို့ကိုမြင်တာနဲ့ဖေးဖေးကအနားသို့ရောက်လာသည်။

"ကြင်ယာတော်လေး.....ကိုယ်ရံတော်ဝမ်...."

သူ့ကိုပါနှုတ်ဆက်လာသည့်အတွက်ယဉ်ကျေးမှုအရ ရိပေါ်ခေါင်းတစ်ချက်ညှိမ့်ပြကာတုံ့ပြန်လိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now