18.4K 1.7K 13
                                    

Unicode

ကျီရွှမ်းအခုသူ့ရဲ့ကြင်ယာတော်အဆောင်ဆီသွားတဲ့လမ်းမှာ....ဒီနေ့သူ့ရဲ့ကြင်ယာတော်နဲ့အတူခမည်းတော်တို့ကိုသွားနှုတ်ဆက်ရမယ်ဆိုလို့သူ့ကြင်ယာတော်လောင်းကိုသွားခေါ်နေတာ....အခုထိသူ့ရဲ့ကြင်ယာတော်မျက်နှာကိုသူမမြင်ဖူးသေး.....အင်း...မြင်ဖူးအောင်တော့ကြည့်ထားအုံးမှပါ....တော်ကြာကိုယ့်ကြင်ယာတော်ရဲ့မျက်နှာကိုတောင်မမြင်ဖူးဘူးဆိုပြီးအလှောင်ခံနေရအုံးမယ်။

"အရှင့်သား..."

"အင်း..."

"ဟိုဟာ..."

"ကိုယ်တော့်ကိုဘာပြောစရာရှိလို့လဲ...အထိန်းတော်ချောင်...."

အထိန်းတော်ချောင်ဆိုတာကသူငယ်ငယ်လေးတည်းကသူ့ဘေးမှာခစားလာခဲ့တဲ့သူ...သူအယုံကြည်ရဆုံးသူလည်းဟုတ်တယ်။

"ဒီအထိန်းတော်အိုကြီးပြောတာကိုအရှင့်သားစိတ်မဆိုးပါနဲ့.....ဘာလို့မင်းကြီးနဲ့မယ်တော်ကြီးကမင်းသားသုံးယောက်ထဲမှာအရှင့်ကိုမှယောက်ျားပေးစားရတာလဲ...ယောက်ျားလေးတစ်ယောက်ကမျိုးဆက်မမွေးပေးနိုင်ဘူးဆိုတာသိရက်နဲ့လေ...ပြီးတော့အခုအချိန်ကအိမ်ရှေ့စံမင်းသား‌ရွေးချယ် တော့မယ့်အချိန်....အရှင့်အတွက်အရေးကြီးဆုံးအချိန်ပါ...ဒီလိုအရေးကြီးဆုံးအချိန်မှာဘာကြောင့်သဘာဝမကျတဲ့လက်ထပ်ပွဲကိုစီစဉ်ရတာလဲ....ပုံမှန်တော့မဟုတ်နိုင်ဘူးလို့ဒီအထိန်းတော်မြင်မိပါတယ်အရှင့်သား...."

အထိန်းတော်ချောင်ပြောတာသဘာဝကျပါသည်။ဒါပေမယ့်ဒီလိုခွဲခြားဆက်ဆံခံရတာကအခုမှခံရတာမဟုတ်တာ...အဲ့အတွက်ကျီရွှမ်းထူးခြားပြီးခံစားပြမနေတော့ပါ။

"ကိုယ်တော်လည်းသိပါတယ်...အထိန်းတော်ချောင်...ဒါပေမယ့်ကိုယ်တော့်မိဘတွေကကိုယ်တော်ကောင်းဖို့အတွက်လုပ်တာပဲဖြစ်မှာပါ။မျိုးဆက်မမွေးနိုင်လဲကိုယ်တော့်အတွက်ကဘာမှမဖြစ်ပါဘူး...ကိုယ်တော်ကလေးမချစ်တတ်ဘူး....အခုကိုယ်တော့်ဇနီးလောင်းဆီကိုပဲသွားကြရအောင်....ကျန်တာတွေမပြောနဲ့တော့...."

"ဟုတ်ကဲ့ပါ....အရှင့်သား..."

_____________________________

"မင်းသားလေး....."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now