Extra

13.4K 1.2K 34
                                    



Unicode
















Extra




ရန်နိုင်ငံရဲ့ညချမ်းအချိန်ဟာ အေးချမ်းစွာဖြင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။တိတ်ဆိတ်နေတဲ့ညယံမှာ မအိပ်စက်နိုင်သေးဘဲ ခပ်သွက်သွက်လမ်းလျှောက်နေရတဲ့ လူတစ်စုလည်းရှိသေးသည်။ထိုလူတွေကတော့ ရန်နိုင်ငံရဲ့အရှင်ဘုရင် ဝမ်ရိပေါ်ရဲ့နောက်လိုက်အစေခံတွေပင်ဖြစ်သည်။အခုလိုညချမ်းအချိန်ခါမှာ သူတို့အားလုံး ချွေးတရွှဲရွှဲနှင့် ဖြစ်နေရသည့်အကြောင်းအရင်းမှာ ကြင်ယာတော်ရှောင်းကျန့်ရှိရာဆီသို့ ခြေလှမ်းကျဲကြီးတွေဖြင့် သွားနေသည့်ရန်နိုင်ငံ၏အရှင်သခင် ဝမ်ရိပေါ်ကြောင့်ပင်ဖြစ်သည်။

သူတို့မှာအသက်ကိုဖြောင့်အောင်ပင် မရှူရဲပေ။သူတို့အရှင်သခင်ရဲ့ခြေလှမ်းကျဲကြီးတွေကို လိုက်မှီအောင်သာမနည်းကြိုးစားနေရသည်။ရန်နိုင်ငံရဲ့အရှင်သခင် ဝမ်ရိပေါ်ကတော့ သူ့ရဲ့ခြေလှမ်းကျဲကြီးတွေကို မနည်းမှီအောင်လိုက်နေရတဲ့သူ့လက်အောက်ငယ်သား အစေခံတွေရဲ့အဖြစ်ကိုမရိပ်မိပါပေ။သူ့စိတ်ထဲမှာ‌တော့ သူ့နတ်သားလေးကိုတွေ့ချင်တဲ့စိတ်ကသာ စိုးမိုးထားတာကြောင့် တခြားအရာတွေကိုသူဂရုမပြုမိပါပေ။

အခုရက်ပိုင်းသူ့မှာလုပ်စရာတွေများနေတာကြောင့် သူ့နတ်သားလေးနဲ့နှစ်ယောက်တည်း အေးအေးဆေးဆေးတွေ့ရဖို့ဆိုတာမဖြစ်နိုင်ပေ။ရှောင်းကျန့်နဲ့နှစ်ယောက်တည်းအတူရှိနိုင်ရန်အတွက် သူ့မှာငါးရက်စာအလုပ်တွေကို နှစ်ရက်တည်းနဲ့အပြီးလုပ်ခဲ့ကာ အလုပ်ပြီးတာနှင့်ရှောင်းကျန့်ရှိရာအဆောင်သို့အပြေးသွားမိသည်။သူ့နတ်သားလေးကို အရမ်းလွမ်းနေပြီလေ။

ရှောင်းကျန့်အဆောင်နားနီးလာသည်နှင့် ရိပေါ်ရဲ့ခြေလှမ်းတွေက ပို၍ပင်လျင်မြန်လာတော့သည်။အစေခံလေးတွေရဲ့ နှုတ်ဆက်တာကိုတောင် ရိပေါ်နားမထောင်နိုင်တော့ဘဲ ရှောင်းကျန့်နန်းဆောင်ရဲ့တံခါးကို အလျင်အမြန်ပင်တွန်းဖွင့်လိုက်တော့သည်။ကုတင်ထက်မှာလှဲလျောင်းနေတဲ့ အဖြူရောင်ပုံရိပ်လေးကိုမြင်လိုက်သည်နှင့် ရိပေါ်ရဲ့မျက်နှာထက်မှာ အပြုံးလေးတစ်ခုကဖြစ်ထွန်းလာတော့သည်။

🎉 You've finished reading မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed) 🎉
မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now