၄၂

13.9K 1.7K 96
                                    




Unicode




"ယွမ်နိုင်ငံမှာ မင်းနဲ့အရိပ်မဲ့တပ်ဖွဲ့တွေအတွက် ထောင်ချောက်တွေရှိတယ်ဆိုပေမယ့် ငါ့အတွက်တော့ရှိမှာမဟုတ်ဘူး။ဒါကြောင့် ငါသွားမယ်။ငါယွမ်နိုင်ငံထဲကိုဝင်ပြီး ဘုရင်ကိုသတ်ပေးမယ်။ငါ့မှာသိုင်းပညာတွေမရှိတော့ဘူးဆိုပေမယ့် ငါဓားကိုတော့ကိုင်တတ်ပါသေးတယ်...."

ရိပေါ်ရှောင်းကျန့်ပြောတာကို လက်မခံနိုင်ပါ။ဒီလောက်အန္တရာယ်များတဲ့နေရာကို ရှောင်းကျန့်ကိုတစ်ယောက်တည်း မလွှတ်နိုင်ပါ။တဖြည်းဖြည်းခက်ထန်လာတဲ့ရိပေါ်ကြောင့် အရာရှိတွေအားလုံးဟာ ရှောင်းကျန့်ကိုဆက်မပြောဖို့ ထိုင်ကန်တော့ချင်နေကြပြီဖြစ်သည်။ယွမ်နိုင်ငံကိုသာသွားတိုက်ရင်တိုက်လိုက်မယ်၊ရိပေါ်ဒေါသထွက်တာကိုတော့မခံချင်ပါ။သခင်လေးကျေးဇူးပြုပြီးဆက်မပြောပါနဲ့တော့။ကျွန်တော်တို့ပဲ အသေခံပြီးသွားတိုက်လိုက်ပါတော့မယ်။ဒါပေမယ့်လည်း သူတို့ဘယ်‌လောက်ဆုတောင်းဆုတောင်း‌ ရှောင်းကျန့်ကနောက်ဆုတ်မယ့်ပုံမပေါ်ပေ။

"သွားခွင့်မပြုနိုင်ဘူး....ရှောင်းကျန့်....."

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်မျက်နှာလေးဟာ အလိုမကျမှုဖြင့်တည်တင်းသွားရသည်။ရှောင်းကျန့်ရဲ့ချက်ချင်းပဲပြောင်းလဲသွားတဲ့ အမူအရာကြောင့် အရာရှိတွေအကုန်လုံးချွေးပြန်လာရသည်။သူတို့အရှင်သခင်စိတ်ဆိုးတာကသာကြောက်ဖို့အကောင်းဆုံးလို့ သူတို့ထင်ခဲ့တာ။အမြဲနူးနူးညံ့ညံ့နေတတ်သည့် သခင်လေးရှောင်းကျန့်က ပိုကြောက်ဖို့ကောင်းမှန်း သူတို့အခုတော့သိလိုက်ပြီ။တစ်ယောက်နှင့်တစ်ယောက် အလျှော့ပေးမည့်ပုံမပေါ်တဲ့နှစ်ယောက်ကြောင့်သူတို့အားလုံးဒူးတွေတုန်လာရသည်။

ဒီအချိန်မှာတစ်ခုခုကိုဝင်လည်းမပြောရဲပါ။အရှေ့ကနှစ်ယောက်ရဲ့ဒေါသတွေ သူတို့ဆီရောက်လာမှာမျိုးအဖြစ်မခံနိုင်ပါ။ဒါကြောင့်ကျောက်ရုပ်လိုမျိုးသာရပ်နေကြသည်။အသက်ပင်မရှူရဲကြပေ။

"မင်းကငါ့ကိုသွားခွင့်မပြုတာဘာကြောင့်လဲ...."

ဩဇာအာဏာအပြည့်နဲ့ ထွက်ပေါ်လာတဲ့ရှောင်းကျန့်ရဲ့အသံကြောင့်သူတို့အားလုံးအံ့ဩသွားရသည်။‌အရင်ကရှောင်းကျန့်က စကားကိုအေးအေးဆေးဆေး နူးနူးညံ့ညံ့လေးသာပြောတတ်သည်။အဲ့အတွက်ကြောင့်ရှောင်းကျန့်ဟာအထိအခိုက်ပင်မခံနိုင်စရာ ပန်းလေးတစ်ပွင့်ဖြစ်သည်လို့သူတို့ထင်ခဲ့ကြတာ။နူးနူးညံ့ညံ့ပန်းလေးတစ်ပွင့်နှင့်တူသည့်ရှောင်းကျန့်ဆီမှ ဒီလိုဩဇာအာဏာအပြည့်နဲ့အသံမျိုးရှိနေလိမ့်မည်ဟုသူတို့မထင်ထားပေ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now