13.4K 1.5K 18
                                    

Unicode

မိန်းမတစ်ယောက်ရဲ့အော်ဟစ်ဆူညံသံကြောင့်ရှောင်းကျန့်နိုးလာခဲ့သည်။သူမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကကျယ်ပြန့်တဲ့ရင်ခွင်ကြီး......မော့ကြည့်လိုက်တော့တစ်စုံတစ်ခုကိုကြည့်ကာအလိုမကျဖြစ်နေတဲ့ကျီရွမ်းရဲ့မျက်နှာကမြင်ကွင်းထဲဝင်လာသည်။ကျီရွှမ်းကြည့်နေတဲ့နေရာကိုသူကြည့်လိုက်ချိန်မှာတော့ဆူညံသံတွေရဲ့ပိုင်ရှင်မိန်းကလေးကိုတွေ့လိုက်ရသည်။ရှောင်းကျန့်ရဲ့မျက်ခုံးလေးတွေအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။ရှောင်းကျန့်အမုန်းဆုံးကသူအိပ်နေတာကိုနှောင့်ယှက်တာပဲ။

"ထွက်သွား"

သူပြောလိုက်တော့ထိုမိန်းကလေးရဲ့မျက်နှာကဒေါသထွက်တာကြောင့်နီရဲသွားကာစွာကျယ်ကျယ်အသံကထွက်ပေါ်လာတော့သည်။

"မိန်းမပျက်မ....နင်ကငါ့ကိုထွက်သွားလို့ပြောရဲတယ်ပေါ့။ငါဘယ်သူလဲဆိုတာနင်မသိဘူးလား"

ရှောင်းကျန့်ထိုမိန်းကလေးအပြောကြောင့်အိပ်ယာပေါ်မှထကာမတ်တပ်ရပ်လိုက်သည်။အိပ်ယာထခါစကပိုကရိုပုံလေးနဲ့တောင်ရှောင်းကျန့်သည်လှရက်လွန်းနေသည်။အဲ့ပုံလေးကိုကျီရွှမ်းမှာကြောင်ငေးကာကြည့်နေမိတော့သည်။မျက်နှာကိုသာမအုပ်ထားရင်ဒီအခန်းထဲမှာရှိနေတဲ့လူတွေရှောင်းကျန့်အလှကြောင့်ရူးသွားနိုင်လောက်သည်။ရှောင်းကျန့်ကသူ့ရဲ့တွန့်ကျေနေတဲ့ဝတ်ရုံလေးကိုအသာသပ်ကာသူ့ရှေ့ကဒေါသထွက်နေတဲ့မိန်းကလေးကိုကြည့်လိုက်သည်။

"အဲ့ဘက်ကမိန်းကလေးကဘယ်သူလဲဆိုတာတော့ကျွန်တော်မသိပါဘူး။ဒါပေမယ့် ဒီနေရာကတော့ကျွန်တော့်ရဲ့နန်းဆောင်ပါ။ကျွန်တော့်ရဲ့နန်းဆောင်မှာအော်ကြီးဟစ်ကျယ်မလုပ်ရဆိုတဲ့စည်းကမ်းရှိတယ်။အခုမိန်းကလေးကကျွန်တော့်စည်းကမ်းကိုချိုးဖောက်လိုက်တဲ့အတွက်ကျွန်တော့်နန်းဆောင်ကနေထွက်သွားပေးပါ"

ထိုမိန်းကလေးကရှောင်းကျန့်ကိုကြည့်ကာအံ့ဩနေတဲ့ပုံနှင့်

"ယောက်ျားလေး...မင်းကယောက်ျားလေး...အကိုကျီရွှမ်းလက်ထပ်မှာကယောက်ျားလေး"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now