၁၉

11.7K 1.6K 81
                                    






Unicode



A/N:တစ်ရှူးကြိုဆောင်ထားကြပါဘေဘီတို့ ಥ_ಥ


____________________________

သူ့ရဲ့အနမ်းတွေကိုပြန်တုံ့ပြန်လာတဲ့သူ့နတ်သားလေးကြောင့်ဝမ်ရိပေါ်နှလုံးသားလေးကအပျော်တွေနဲ့ပြည့်နှက်လာသည်။ဝမ်ရိပေါ်ကသူနမ်းလိုက်ရင်သူ့နတ်သားလေးစိတ်ဆိုးသွားမယ်ဆိုပြီးကိုင်ပေါက်ခံရဖို့တောင်ပြင်ထားခဲ့တာ။ရှောင်းကျန့်ရဲ့ခါးလေးကိုဆွဲယူလိုက်ပြီးအနမ်းတွေကိုပိုနက်ရှိုင်းစေလိုက်သည်။အပေါ်နှုတ်ခမ်းလေးကိုတစ်လှည့် အောက်နှုတ်ခမ်းလေးကိုတစ်လှည့်စုပ်ယူနမ်းရှိုက်ပြီး နှုတ်ခမ်းအောက်ကမှဲ့လေးကိုတစ်ချက်နမ်းကာ အနမ်းတွေကိုအဆုံးသတ်လိုက်သည်။သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းလှလှလေးတွေကိုဝမ်ရိပေါ်စိုက်ကြည့်လိုက်သည်။သူ့နတ်သားလေးကတစ်ခုခုကိုသတိရသွားတဲ့ပုံနဲ့ခါးကိုဖက်ထားတဲ့လက်တွေကိုဖယ်ထုတ်လိုက်သည်။ပြီးတာနဲ့ဝမ်ရိပေါ်ရှေ့ကနေလှည့်ထွက်သွားသည်။

ရှောင်းကျန့်ဝမ်ရိပေါ်ရှေ့ကနေလှည့်ထွက်လာလိုက်သည်။အခုသူဘာလုပ်မိသွားတာလဲ။ဝမ်ရိပေါ်သူ့ကိုနမ်းတာကိုစိတ်မဆိုးတဲ့အပြင်သူကပါပြန်နမ်းလိုက်သေးသည်။ရှောင်းကျန့်စိတ်ထဲမှာရေရွတ်လိုက်မိသည်။ငါကကြင်ယာတော်....ငါကကြင်ယာတော်....။လှည့်ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုကြည့်ရင်းဝမ်ရိပေါ်အော်ပြောလိုက်သည်။

"ကိုယ်မင်းကိုသဘောကျတယ်။ကိုယ်မင်းကိုမြတ်နိုးတယ်။ကိုယ်မင်းကိုချစ်တယ်"

ဝမ်ရိပေါ်စကားကြောင့်ရှောင်းကျန့်ရဲ့ခြေလှမ်းတွေရပ်သွားရသည်။ဟင့်အင်း....ငါ့ကိုမချစ်နဲ့....ရိပေါ်။သူနဲ့သာပတ်သက်မိရင်နောက်ဆုံးမှာဒုက္ခရောက်ရမယ့်လူကရိပေါ်ပဲဖြစ်မှာ။ရိပေါ်ကိုသူ့ကြောင့်ဒုက္ခမရောက်စေချင်ဘူး။ရှောင်းကျန့်စိတ်ကိုတင်းလိုက်သည်။

"မင်းကိုသင်ပေးခဲ့တဲ့လူကို ကျေးဇူးပြန်ဆပ်တဲ့နည်းကဒါလား။ဒီနေ့ဖြစ်ခဲ့တာတွေအကုန်မေ့လိုက်။နောက်လည်းမင်းငါ့ကိုလာတွေ့စရာမလိုတော့ဘူး"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)On viuen les histories. Descobreix ara