၂၃

13.1K 1.6K 64
                                    



Unicode



"မယ်တော် သက်သာပါရဲ့လား...."

သူ့ရှေ့မှာနွမ်းလျလျထိုင်နေတဲ့မိဖုရားလွီကိုယွင်ကျောက်မေးလိုက်သည်။သူမသားတော်ရဲ့အမေးကိုမိဖုရားလွီဟာနွမ်းလျဖျော့တော့စွာဖြင့်ပြန်ဖြေသည်။

"လူကသက်သာသွားပေမယ့် စိတ်ကတော့မသက်သာသေးဘူး....သားတော်"

"စိတ်ညစ်စရာကိစ္စရှိနေလို့လား.....မယ်တော်...."

မိဖုရားလွီဟာယွင်ကျောက်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး စိတ်ပျက်မှုအပြည့်နဲ့ပြောလိုက်သည်။

"ရှိတာပေါ့ သားတော်.....အမှန်ဆိုအမေ့သားလေးကအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်သင့်တာ။မထင်ထားမိဘူး။ကျီရွှမ်းကဒီနေရာကိုဖြတ်လုသွားလိမ့်မယ်လို့။ဒီကိစ္စကအမေ့ကိုမပျော်မရွှင်ဖြစ်စေတယ်....သားတော်"

သူ့မယ်တော်ရဲ့စကားကိုသဘောမကျမှုကြောင့်ယွင်ကျောက်ရဲ့မျက်ခုံးတန်းများတွန့်ချိုးသွားရသည်။ညီတော်ကဒီနေရာကိုဖြတ်လုတာမှမဟုတ်တာ။တရားမျှမျှတတနဲ့အနိုင်ရသွားတာလေ။ပြီးတော့အိမ်ရှေ့စံနေရာကအရင်တည်းကသူပိုင်တဲ့နေရာမှမဟုတ်တဲ့အတွက် ညီတော်ကဖြတ်လုသွားတယ်လို့ပြောလို့မရ။

"မယ်တော်....နဂိုတည်းကအိမ်ရှေ့စံနေရာက ကျွန်တော့်ရဲ့နေရာမဟုတ်ပါဘူး။ပြီးတော့ညီတော်ကပြိုင်ပွဲမှာအနိုင်ရပြီးအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်သွားတာလေ။ဒါကြောင့်ညီတော်ကဖြတ်လုတာမဟုတ်ဘဲ တရားမျှမျှတတနဲ့အဲ့နေရာကိုရသွားတာပါ"

ယွင်ကျောက်ကအမှန်ကိုပြောတာဆိုပေမယ့်မိဖုရားလွီကတော့ကျေနပ်ပုံမပေါ်ပေ။

"ဒါပေမယ့် သားတော်ကအကြီးဆုံးသားလေ။အိမ်ရှေ့စံနေရာကိုသားတော်ကပဲပိုင်ဆိုင်သင့်တာ။ကျီရွှမ်းကလုပ်နိုင်မှာမဟုတ်ဘူး"

"ညီတော်လုပ်နိုင်မှာပါ။မယ်တော်ယုံကြည်ပေးလိုက်ပါ"

"ဒါပေမယ့်.....သားတော်...."

"မယ်တော်....အဲ့အကြောင်းဆက်မပြောကြရအောင်"

သူမသားရဲ့စကားကြောင့်ထိုအကြောင်းကိုသူမဆက်မပြောတော့ပါ။ဒါပေမယ့်လည်းသူမမကျေနပ်ပါ။သူမရဲ့သားကသာအိမ်ရှေ့စံနေရာကိုပိုင်ဆိုင်ရမည်။အဲ့အတွက်လည်းဘာကိစ္စပဲဖြစ်ဖြစ်သူမလုပ်မည်။အဓိကအရာကတော့သူမရဲ့သားကသူမဘက်မှာရှိနေဖို့လိုပါမည်။အခုတော့သူမလုပ်နိုင်တာကငြိမ်ငြိမ်လေးနေဖို့ပါပဲ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now