၃၅⚠

19K 1.9K 135
                                    





Unicode



(Warning:‌အောက်ပါအကြောင်းအရာများတွင်အိပ်ယာပေါ်တွင်နမ်းရှိုက်ခန်းများပါဝင်သောကြောင့် ၁၈နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ)



သူ့ကိုနူးညံ့စွာငုံ့ကြည့်နေတဲ့ ရွှေဝါရောင်မျက်ဝန်းတွေကို ရှောင်းကျန့်စိမ်းသက်မနေ။ထိုမျက်ဝန်းတွေကို သူရင်းနှီးနေသည်။‌ရှောင်းကျန့်ထိုလူ့ရဲ့မျက်ဝန်းတွေဆီက အကြည့်မလွှဲမိသလို ထိုလူကလည်းသူ့မျက်ဝန်းတွေဆီက အကြည့်မခွာပေ။

"ပါပါး...."

အနောက်ကထွက်ပေါ်လာတဲ့ အသံသေးသေးလေးကြောင့် ရှောင်းကျန့်ထိုလူ့ရင်ခွင်ထဲမှာရှိနေတာကို သတိရသွားပြီးထိုလူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။သူအနောက်ကိုလှည့်ကြည့်လိုက်တော့ ကျစ်မင်လေးကဝတ်ရုံအနက်နှင့်လူတစ်ဦးအနားတွင်ယုန်လေးတစ်ကောင်ကိုပိုက်ကာရပ်နေသည်။ရှောင်းကျန့်ကျစ်မင်အနားသို့လျင်မြန်စွာပြေးသွားလိုက်ကာ ကျစ်မင်ရဲ့လုံးတုတ်နေတဲ့ခန္ဓာကိုယ်လေးကိုဆွဲဖက်လိုက်သည်။

"ဘယ်တွေရောက်နေတာလဲ....ပါပါးရဲ့ပေါက်စီလေး...။ပါပါးဘယ်လောက်တောင်စိတ်ပူနေလဲမသိဘူးလား...."

ကျစ်မင်ကသူ့ရဲ့လက်‌ဖောင်းဖောင်းသေးသေးလေးတွေဖြင့် ရှောင်းကျန့်ရဲ့ပါးပေါ်မှမျက်ရည်များကို သုတ်ပေးလိုက်ကာပြောလိုက်သည်။

"ပါပါး....မငိုပါနဲ့....ပါပါးငိုရင်သားဝမ်းနည်းတယ်။သားကယုန်လေးနောက်ကိုလိုက်သွားရင်းလမ်းပျောက်သွားတာ။ဒါပေမယ့် အဲ့ဦးဦးကသားကိုပြန်ခေါ်လာပေးတာ..."

ကျစ်မင်ကမျက်နှာဖုံးနှင့်လူကို လက်ညှိုးထိုးကာပြောလိုက်သည်။ရှောင်းကျန့်ထိုလူကိုဦးညွှတ်ကာကျေးဇူးတင်လိုက်သည်။

"သားတော်ကို ပြန်ခေါ်လာခဲ့ပေးလို့ကျေးဇူးတင်ပါတယ် သခင်လေး...."

ထိုလူကဘာမှပြန်မပြောဘဲ ရှောင်းကျန့်ကိုသာပြုံး၍သာကြည့်နေသည်။ဒါကိုမြင်တဲ့ကျီရွှမ်းရဲ့ရင်ဘတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေဝင်ရောက်လာသည်။အခုအချိန်မှာ ရှောင်းကျန့်ကမျက်နှာကိုပုဝါပါးလေးနဲ့ဖုံးကွယ်ထားခြင်းမရှိတာကြောင့် ရှောင်းကျန့်ရဲ့ဖြူနုပြီး လှပလွန်းတဲ့မျက်နှာလေးကိုအတားအဆီးမရှိမြင်နေရသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Dove le storie prendono vita. Scoprilo ora