၁၄

12.1K 1.6K 47
                                    



Unicode


ယွင်ကျောက်ဟာပန်းချီကားကိုကြည့်နေရင်းနဲ့အလှလေးကိုတွေ့ခဲ့ပုံကိုစဉ်းစားမိသည်။သူအဲ့နေ့ကနန်းတော်အပြင်ကိုထွက်လိုက်တာမှန်သွားသည်။ဒါကြောင့်မို့လည်းသူ့အလှလေးနဲ့တွေ့ခဲ့ရတာလေ။သူအဲ့နေ့ကစားသောက်ဆိုင်ရဲ့အပေါ်ထပ်ဝရံတာမှာထိုင်နေခဲ့တာ။လမ်းမပေါ်မှာရုတ်ရုတ်သဲသဲဖြစ်နေလို့လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ သူ့အလှလေးကိုတွေ့ခဲ့တာ။အဲ့နေ့ကသူလိုက်ရှာခဲ့ပေမယ့် ဘယ်နေရာမှာမှမတွေ့ခဲ့။ဒါပေမယ့်လည်းသူလက်မလျှော့ပါ။သေချာပေါက်တွေ့အောင်ရှာမည်။

"အရှင့်သား...မိဖုရားလီဟွာအခစားဝင်ပါတယ်"

"ဝင်ခဲ့ပါ.."

ယွင်ကျောက်စကားအဆုံးမှာပဲ ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လီဟွာဝင်လို့လာသည်။အင်္ကျီကပါးလွန်းတာကြောင့် သူမရဲ့အမို့အမောက်တွေကိုမြင်နေရသဖြင့် ယွင်ကျောက်မျက်နှာကိုလွှဲလိုက်သည်။

"ဘာလာလုပ်တာလဲ..."

ယွင်ကျောက်ရဲ့အမေးကိုလီဟွာကအပြုံးလေးဖြင့်ပြန်ဖြေသည်။

"ကျွန်မဒီနေ့မုန့်ချိုတွေလုပ်ထားတာ....အရှင့်သားနဲ့အတူစားရအောင်ယူလာတာပါ"

"ငါမအားဘူး။လေ့ကျင့်ဖို့သွားရအုံးမှာ"

ယွင်ကျောက်ရဲ့စကားကြောင့်သူမစိတ်ထဲမကျေမနပ်ဖြစ်သွားသော်လည်း သူမရဲ့မျက်နှာမှာတော့အပြုံးကမပြတ်ပေ။သူမယွင်ကျောက်ရဲ့လက်ကိုကိုင်ဖို့ကြိုးစားလိုက်သော်လည်း ရှောင်ထွက်သွားတဲ့ထိုလူကြောင့်သူမလက်ကိုအရှက်ပြေပြန်ရုတ်လိုက်သည်။

"ငါအခုလေ့ကျင့်ဖို့သွားတော့မယ်"

ဒီလောက်အလှဆုံးပြင်ထားတာတောင်တစ်ချက်မှလှည့်မကြည့်တဲ့ထိုလူကြောင့်သူမဒေါသထွက်လာရသည်။လီဟွာသူမနန်းဆောင်ကိုပြန်ရန်ထလိုက်တဲ့အချိန်မှာ စားပွဲပေါ်ကစာလိပ်လေးကသူမရဲ့အာရုံကိုဖမ်းစားသွားသည်။ထိုစာလိပ်ကိုယူကာဖွင့်ကြည့်လိုက်တော့ပေါ်လာတဲ့ပန်းချီကားကြောင့်သူမဘုရားတလိုက်မိသည်။ဘုရားရေ....ဒါလူရောဟုတ်ရဲ့လား။ပန်းချီကားထဲကမျက်နှာလေးကပြုံးမနေတာတောင်ကျက်သရေရှိလို့နေသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now