၁၆

12.2K 1.9K 58
                                    




Unicode




"မိဖုရားလွီကအခေါ်တော်ပါးလိုက်တယ်"ဟူ‌သောအစေခံမလေးရဲ့စကားကြောင့် ရှောင်းကျန့်မိဖုရားလွီနန်းဆောင်ကိုထွက်လာခဲ့သည်။သူရောက်သွားချိန်မှာတော့ ထိုနေရာမှာလူစုံနေပြီဖြစ်တယ်။မင်းသားသုံးယောက်လုံးရယ်၊လီဟွာ၊ချင်းယွဲ့အပြင်လွီမေအော်ပါရောက်ရှိနေပြီဖြစ်တယ်။မိဖုရားလွီဟာ မင်းသားတစ်နဲ့မင်းသားနှစ်ရဲ့အပြောတွေကြောင့်သဘောကျလို့နေတယ်။ကြည်နူးစရာသားအမိတွေရဲ့မြင်ကွင်းလေးပေါ့။ကျီရွှမ်းကတော့မသက်ဆိုင်သူတစ်ယောက်လိုသူ့လက်ထဲကရေနွေးကြမ်းကိုသာသောက်နေတယ်။လွီမေအော်ကတော့ကျီရွှမ်းရဲ့ဘေးမှာဝင်ထိုင်ပြီးကျီရွှမ်းရဲ့အာရုံစိုက်တာခံရဖို့ကြိုးစားနေတယ်။လွီမေအော်ထိုင်နေတာသူ့နေရာမလား။ကျီရွှမ်းဟာရှောင်းကျန့်ရောက်လာတာကိုတွေ့တာနဲ့မိခင်ရောက်လာတဲ့ကလေးတစ်ယောက်လိုပျော်ရွှင်လို့သွားတယ်။

"မိဖုရားကြီးကိုရှောင်းကျန့်ဂါရဝပြုပါတယ်"

ရှောင်းကျန့်ရဲ့အသံကြောင့်လူအားလုံးရဲ့အာရုံကသူ့ဆီရောက်လို့လာသည်။မိဖုရားလွီဘာမှပြန်မပြောရသေးခင်မှာပင်လီဟွာကကြားဖြတ်ဝင်ပြောလိုက်သည်။

"အငယ်ဆုံးမင်းသားရဲ့ကြင်ယာတော်တစ်ပါးဖြစ်ပြီး အကြီးတွေအကုန်ရောက်ပြီးမှရောက်လာတယ်။ယဉ်ကျေးမှုမရှိလိုက်တာ"

ဒီမိန်းကလေးတွေဟာဘာ့ကြောင့်ရှောင်းကျန့်ကိုအေးအေးဆေးဆေးပေးမနေနိုင်ရတာလဲ။လီဟွာရဲ့အပြောကြောင့်မိဖုရားလွီရဲ့မျက်နှာမှာအလိုမကျမှုတွေဖြစ်ပေါ်လာသည်။

"ငါမနေ့ကတည်းကမင်းတို့ကိုဖိတ်ခိုင်းထားတာ။မင်းဘာလို့ဒီနေ့နောက်ကျမှရောက်လာရတာလဲ။ငါ့ကိုမထီမဲ့မြင်ပြုတာလား"

မိဖုရားလွီရဲ့အမေးကိုရှောင်းကျန့်ပြန်မ‌‌ဖြေဘဲလီဟွာရဲ့မျက်နှာကိုသာစိုက်ကြည့်လိုက်သည်။သူ့ရဲ့စူးရှလွန်းတဲ့အကြည့်တွေကြောင့်လီဟွာအသက်ရှူအောင့်လိုက်မိသည်။

"ဒါဆိုမေးပါရစေ။မိဖုရားလွီကမနေ့တည်းကပြောခိုင်းလိုက်တဲ့စကားကို ဘာကြောင့်ကျွန်တော်ကဒီနေ့မနက်မှသိရတာလဲ"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now