၄၃

13.7K 1.6K 66
                                    

Unicode


ရိပေါ်ကအခန်းထဲသို့တဖြည်းဖြည်းချင်းဝင်လာကာ ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ ယွမ်ဘုရင်ရဲ့လက်ကို တက်နင်းလိုက်သည်။အားပြင်းမှုကြောင့် အရိုးကျိုးသံများပင်ထွက်ပေါ်လာရသည်။အားရအောင်နင်းပြီးတာနဲ့ ရိပေါ်က‌ရှောင်းကျန့်ဆီသို့လျှောက်လာကာ ရှောင်းကျန့်ကိုပွေ့ချီလိုက်သည်။

ရှောင်းကျန့်ကိုပွေ့ချီရက်သားနှင့်ပင် ယွမ်ဘုရင်ကိုကြည့်ကာ ရိပေါ်ကပြုံးရင်းပြောလိုက်သည်။

"ငါပိုင်တာကို....မင်းကထိရဲတယ်ပေါ့...."

ယွမ်ဘုရင်ဟာ သူ့ကိုထိုသို့ပြောလာသူကို ဒေါသကြီးစွာကြည့်လိုက်သည်။ထိုလူကမျက်နှာတစ်ဝက်အထိဖုံးထားတဲ့မျက်နှာဖုံးကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်နဲ့မိန်းမလှလေး(ရှောင်းကျန့်)ကိုပွေ့ထားပြီး တစ်ဖက်လက်ကရွှေရောင်တောက်နေတဲ့ကြာပွတ်တစ်ခုကို ကိုင်ထားသည်။ရွှေရောင်ကြာပွတ်က နဂါးအမြှီးတစ်ခုသဖွယ်ဝင့်ကြွားစွာရှိနေသည်။

မိန်းမလှလေးကိုပိုင်ဆိုင်ရခါနီးမှ အဖျက်ခံလိုက်ရတဲ့ ယွမ်ဘုရင်ကရိပေါ်ကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်တော့သည်။

"မင်း....သေချင်နေတာလား....။မင်းကငါကိုယ်တော့်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့အပြင်ငါကိုယ်တော်ရဲ့မိန်းမကိုလည်း ခိုးယူနေတယ်။မင်းကိုအရှင်မထားဘူး...."

ယွမ်ဘုရင်ရဲ့စကားကြောင့် ရိပေါ်ဟာတစ်ချက်ပြုံးလိုက်သည်။

"ခင်ဗျားကတကယ်ကို ကြားထားတဲ့သတင်းတွေအတိုင်းပဲ။လုံးဝအသုံးမကျဘူး....။ကိုယ့်ရန်သူကိုတောင် မသိရှာဘူး...။သနားစရာပဲ...."

ရိပေါ်ရဲ့စကားကြောင့် ယွမ်ဘုရင်ဟာတရှူးရှူးတရှဲရှဲဒေါသတွေထွက်လာရတော့သည်။ဒါပေမယါ့သူပြန်အော်ပြောမယ့်အချိန်မှာပဲ သူ့ကိုစူးရဲစွာကြည့်နေတဲ့ရွှေရောင်မျက်လုံးတွေကြောင့် ယွမ်ဘုရင်ဟာတုန်လှုပ်သွားရပြီး မေးလာသည်။

"မင်း....မင်းဘယ်သူလဲ..."

ယွမ်ဘုရင်ရဲ့အမေးကြောင့် ရိပေါ်ကခပ်ဟဟသာရယ်လိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now