၃၉

15K 2K 153
                                    


Unicode




ရှောင်းကျန့်ပါးပေါ်က မျည်ရည်တွေကို ထိုလူကသုတ်ပေးနေရင်းပြောလာသည်။

"ဘယ်လိုလဲ....ကိုယ့်ရဲ့ချောတဲ့ရုပ်လေးကိုမကြည့်ချင်ဘူးလား....."

ထိုလူ့စကားကြောင့်ရှောင်းကျန့်ရဲ့လက်လေးတွေကို ထိုလူ့မျက်နှာပေါ်ကမျက်နှာဖုံးဆီသို့ လှမ်းလိုက်သည်။စိတ်လှုပ်ရှားလွန်းတာကြောင့် ရှောင်းကျန့်ရဲ့လက်လေးတွေ တုန်ယင်လို့နေသည်။မျက်နှာဖုံးကိုဖြည်းညှင်းစွာခွာချလိုက်ချိန်မှာ ထွက်ပေါ်လာသည့် မျက်နှာချောချောကြောင့် ရှောင်းကျန့်ရဲ့နူးညံ့နေတဲ့ ပါးဖြူဖြူလေးပေါ်သို့ မျက်ရည်တွေအထိန်းအကွပ်မရှိ ကျဆင်းလာတော့သည်။သူငါးနှစ်လုံးလုံးလွမ်းနေခဲ့ရတဲ့ ဒီမျက်နှာ။သူနောက်ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့တဲ့ဒီမျက်နှာ။အခုတော့သူထပ်တွေ့နိုင်ခဲ့ပြီ။

ရှောင်းကျန့်ရဲ့လက်သေးသေးလေးနှစ်ဖက်ဖြင့် ရိပေါ်မျက်နှာကို နူးညံ့စွာထိတွေ့လိုက်သည်။

"တကယ်မင်းလား......ရိပေါ်...."

ရိပေါ်ကဘာမှပြန်မပြောဘဲ ရှောင်းကျန့်ရဲ့မျက်နှာပေါ်က မျည်ရည်တွေကိုသာညှင်သာစွာသုတ်ပေးလို့နေသည်။မျက်ရည်တွေကိုသုတ်ပေးနေတဲ့ ရိပေါ်ရဲ့လက်ကိုရှောင်းကျန့်ဆုပ်ကိုင်လိုက်တော့ ရိပေါ်လက်ကအနွေးဓာတ်က ရှောင်းကျန့်ရဲ့နှလုံးသားထဲအထိစီးဝင်သွားသည်။ရိပေါ်ရဲ့လက်ကိုကိုင်ထားရင်းနှင့်ပင် ရိပေါ်ကိုမော့ကြည့်ကာမေးလိုက်သည်။

"ဒါတွေအားလုံးက အိမ်မက်မဟုတ်ဘူးမလား....ရိပေါ်....."

အိမ်မက်မဟုတ်ကြောင်း သူ့နတ်သားလေးသိစေရန် ရိပေါ်အလုပ်နှင့်သက်သေပြလိုက်သည်။ရှောင်းကျန့်ရဲ့မျက်နှာနုနုကို သူ့ရဲ့ကြီးမားတဲ့လက်နှစ်ဖက်နဲ့ဆွဲပင့်လိုက်ကာ နှုတ်ခမ်းတွေကိုထိကပ်လိုက်သည်။‌ရိပေါ်ရဲ့ရုတ်တရက်ဆန်လွန်းလှတဲ့အနမ်းကြောင့် ရှောင်းကျန့်လန့်ပြီးနှုတ်ခမ်းလေးဟသွားရသည်။ဒါကိုအခွင့်ကောင်းယူကာရိပေါ်ရဲ့လျှာက ရှောင်းကျန့်နှုတ်ခမ်းအတွင်းသို့ဝင်ရောက်လာကာ ရှောင်းကျန့်ရဲ့လျှာလေးကိုဆွဲစုပ်လိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now