၁၁

13.5K 1.5K 30
                                    



Unicode




သူ့နတ်သားလေးရဲ့တင်လုံးလုံးလေးကိုကိုင်လို့ရလာတဲ့အပြစ်ကတော့ နှာဘူးကောင်လို့အခေါ်ခံလိုက်ရတဲ့အပြင် လက်ကိုပါလိမ်ချိုးခြင်းခံလိုက်ရသည်။ဒါပေမယ့်လည်း တန်ပါတယ်။အဲ့အိကျိအိကျိလေးကိုသူကိုင်ခဲ့ရတယ်လေ။ဒါနဲ့သူ့နတ်သားလေးကသူ့ကိုတွေ့တိုင်း လက်ကိုပဲလိမ်ချိုးနေတော့ သူ့လက်ကိုသဘောကျနေလို့များလား။ဝမ်ရိပေါ်သူ့နတ်သားလေးကိုကြည့်လိုက်တော့တစ်ခုခုကိုအလိုမကျသလိုမျက်မှောင်လေးကြုံ့လို့။ဘာကိုအလိုမကျနေပါလိမ့်...။အခုမှသတိထားမိတယ်။သူ့နတ်သားလေးကိုဝိုင်းကြည့်နေကြတာပဲ...။ရာရာစစ.....ဒီလူတွေကတော့...။သူတောင်သုံးခါလောက်ပဲကြည့်ရသေးတဲ့မျက်နှာလေးကို....။

ရှောင်းကျန့်ဟိုလူတွေလက်ကလွတ်သွားပေမယ့်နန်းတော်ကိုပြန်သွားဖို့ဆိုရင် သူ့မျက်နှာကိုဖုံးဖို့လိုတယ်။အရင်ဆုံးအဲ့ဒါကိုအရင်လုပ်ရမယ်။အခုတောင်သူ့မျက်နှာကိုလူတော်တော်များများမြင်ပြီးနေပြီ။ပြီးတော့အမှု...။အခုပုံစံအရဆိုရင် လျိုချန်ယန်းမှာတင်အမှုကခြေရာပျောက်သွားပြီ။အခုဆိုရင်ဖြစ်နိုင်ချေကနှစ်ခုရှိတယ်။အဲ့ငွေတွေကိုလျိုချန်ယန်းကတခြားသူဆီကရတာ ဒါမှမဟုတ် သူကတရားခံဖြစ်နေတာ။ဒါပေမယ့်လူတစ်ယောက်ကိုသက်သေမရှိဘဲမစွပ်စွဲသင့်ဘူး။ဒါ့ကြောင့်လျိုချန်ယန်းဟာတရားခံဆိုပြီးတပ်အပ်ပြောလို့တော့မရသေးဘူး။ရှောင်းကျန့်အတွေးထဲနစ်မြောနေတုန်းမှာပဲလေပေါ်ကိုမြောက်တတ်သွားတဲ့သူ့ခန္ဓာကိုယ်။သူပွေ့ချီခံလိုက်ရတာပဲ။သူ့ကိုချီတဲ့သူကိုကြည့်လိုက်တော့...နှာဘူးကောင်....ဝမ်ရိပေါ်။ဒင်းဘာလုပ်ပြန်ပြီလဲ...။ရှောင်းကျန့်ရဲ့မျက်နှာကပိုလို့တောင်သုန်မှုန်လို့လာသည်။

"ဝမ်ရိပေါ်....မင်းဘာလုပ်ပြန်ပြီလဲ"

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့မျက်နှာကိုသူ့ရင်ခွင်ထဲသို့အတင်းကပ်စေကာ

"မင်းကိုသူ‌တို့တွေကြည့်နေကြလို့...ကိုယ့်ရင်ခွင်ထဲမှာမင်းမျက်နှာကိုဖွက်ထားလိုက်နော်"

သောက်ကျိုးနည်း....ရင်ခွင်ထဲမျက်နှာဖွက်ထားရအောင်သူကမိန်းမပျိုလေးလား။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)حيث تعيش القصص. اكتشف الآن