၂၈

11.6K 1.5K 102
                                    




Unicode

သူတို့နှစ်ယောက်အပေါ်ကျဆင်းနေတဲ့မိုးစက်မိုးပေါက်တွေ ရပ်တန့်သွားတဲ့အထိရိပေါ်ကလည်းဒူးထောက်နေရာက မထသေးသလိုရှောင်းကျန့်လည်း ရိပေါ်ရှေ့ကနေမထွက်သွားမိသေး။ခနအကြာမှာတော့ရိပေါ်ဆီကစကားသံထွက်လာသည်။

"ကလေးလေးတစ်ယောက်ရှိခဲ့တယ်။အဲ့ကလေးလေးလူမှန်းသိတတ်စအရွယ်တည်းက အဖေလို့ခေါ်စရာမရှိခဲ့ဘူး။အမေလို့လည်းခေါ်စရာမရှိခဲ့ဘူး။သူ့ရဲ့အချိန်တော်တော်များများကို လမ်းပေါ်မှာပဲကုန်ဆုံးခဲ့တယ်။အဲ့ကလေးလေးက တခြားကလေးတွေနည်းတူမုန့်တွေစားချင်တယ်။အဖေ၊အမေကိုကပ်ပြီးချွဲချင်တယ်။ဒါပေမယ့်မုန့်စားရဖို့နေနေသာ ထမင်းတောင်နပ်မှန်အောင်စားဖို့မလွယ်ခဲ့ဘူး။ထမင်းနပ်မှန်အောင်စားဖို့အတွက်သူလုပ်နိုင်တာတစ်ခုက ခိုးတာပဲ။ကလေးတစ်ယောက်ကအခြားသူတစ်ယောက်မမြင်အောင်ခိုးဖို့ဆိုတာ ဘယ်လိုမှမလွယ်ကူခဲ့ဘူး။အဲ့ကလေးလေးခိုးတာကို လူမိသွားတိုင်းအရိုက်ခံ၊အဆဲခံခဲ့ရတယ်။အဖေ၊အမေရဲ့ဆိုဆုံးမမှုတွေအစားလူတွေရဲ့ဆဲဆိုမှုတွေနဲ့ပဲကြီးပြင်းလာခဲ့ရတယ်"

ရင်ထဲကတင်းကြပ်မှုတွေလျော့သွားအောင် ရိပေါ်ကသက်ပြင်းချသည်။ရိပေါ်ရဲ့မျက်ဝန်းထဲမှာတော့ မျက်ရည်စတွေကတွဲခိုလို့နေသည်။‌ရိပေါ်ပြောတဲ့ထဲကကလေးလေးဆိုတာ ရိပေါ်ကိုရည်ညွှန်းမှန်း ရှောင်းကျန့်ရိပ်မိပါသည်။

"စားဖို့အစားအသောက်ကိုရခဲ့တဲ့နေ့ဆိုရင် လမ်းပေါ်ကတစ်ခြားကလေးတွေရဲ့ အနိုင်ကျင့်လုယက်တာကိုခံရတယ်။များသောအားဖြင့် အဲ့ကလေးလေးရဲ့နေ့ရက်အများစုက ဒဏ်ရာတွေနဲ့ဗိုက်ဟောင်းလောင်းအိပ်ခဲ့ရတဲ့ရက်တွေကများတယ်"

ငယ်ငယ်ကရိပေါ်နေခဲ့ရမယ့်ပုံစံကိုတွေးကြည့်မိရုံနဲ့တင် ရှောင်းကျန့်ရင်နာရသည်။အဲ့အချိန်တုန်းကရိပေါ်ဟာ မိဘရင်ခွင်မှာရှိသင့်တဲ့ကလေးငယ်လေးတစ်ယောက်အရွယ်သာရှိခဲ့တာ။အဲ့လိုကလေးငယ်လေးတစ်ယောက်ကဒီလိုဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတာ ဘယ်လောက်တောင်ခက်ခဲခဲ့မလဲ။

"တစ်နေ့မှာတော့ အဲ့ကလေးလေးကဗိုက်ဆာလွန်းလို့ လမ်းကြိုလမ်းကြားကထောင့်လေးတစ်ခုမှာထိုင်နေတုန်း သူ့ရှေ့ကိုပေါက်စီကိုင်ထားတဲ့လက်သေးသေးလေးတစ်ခုကရောက်လာတယ်။သူမော့ကြည့်လိုက်တဲ့အချိန်မှာ သူ့ကိုပြုံးပြနေတဲ့ပေတိပေစုတ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)حيث تعيش القصص. اكتشف الآن