၂၄⚠

20.7K 1.6K 101
                                    



Unicode



(⚠Warning:၁၈နှစ်‌မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ)




ဖေးဖေးပြောတဲ့နေရာကိုရောက်တာနဲ့ရှောင်းကျန့်ဘေးဘီဝဲယာကိုကြည့်လိုက်သည်။လူရှင်းတာသေချာမှ မျက်နှာကိုဖုံးထားတဲ့ပုဝါစလေးကိုဖယ်ရှားလိုက်သည်။ပြီးတာနဲ့ခန္ဓာကိုယ်ပေါ်ကဝတ်ရုံများကိုလည်းတစ်လွှာချင်းစီ ဖယ်ရှားလိုက်သည်။အခုဆိုသူ့ခန္ဓာကိုယ်ပေါ်မှာအောက်ခံအဖြူရောင်ဝတ်ရုံလေးတစ်ခုသာရှိတော့သည်။ထိုအောက်ခံအဖြူရောင်ဝတ်ရုံလေးရဲ့ခါးစည်းကြိုးကို‌ဖြည်ချဖို့ပြင်နေတုန်းမှာပဲ အနောက်နားကခြေလှမ်းသံကိုကြားလိုက်တာကြောင့် အောက်ခံဝတ်ရုံနဲ့သာရေကန်ထဲကိုဆင်းလိုက်သည်။

ရေကန်ရဲ့ခပ်နက်နက်အပိုင်းကိုသွားလိုက်ပြီးသူ့ကိုမမြင်အောင်ရေထဲငုပ်နေလိုက်သည်။သူ့မျက်နှာကိုမြင်သွားလို့မဖြစ်ပါ။ခနအကြာမှာတော့ခြေသံတစ်ခုကသူရှိနေတဲ့ရေကန်အနားမှာရပ်သွားသည်။ထိုလူကတစ်စုံတစ်ခုကိုရှာနေပုံရသည်။အချိန်အနည်းငယ်ကြာတဲ့အထိပြန်မထွက်သွားသေးတဲ့ထိုလူကြောင့် ရှောင်းကျန့်ရေထဲကထလို့မရ။ကြာလာတော့ရှောင်းကျန့်ရေမွန်းလာသည်။ရှောင်းကျန့်မတောင့်ခံနိုင်တော့ပါ။ဒါ့ကြောင့် အလောတကြီးရေထဲကနေထလိုက်သည်။နှာခေါင်းဝကိုရောက်ရှိလာတဲ့လတ်ဆတ်တဲ့လေတွေကို အငမ်းမရရှူသွင်းနေတုန်းမှာပဲတွေ့လိုက်ရတဲ့လူကြောင့် ရှောင်းကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးတွေအံ့ဩမှုကြောင့်ပွင့်ဟသွားသည်။

ထိုလူသားကတော့‌ရှောင်းကျန့်ကိုရှောင်နေတဲ့ရှောင်းကျန့်ရဲ့ချစ်ရသူဝမ်ရိပေါ်ပါပဲ။ရိပေါ်ရဲ့သူ့ကိုကြည့်တဲ့အကြည့်တွေကစူးရှလွန်းလို့ သူ့ခန္ဓာကိုယ်ထဲကိုထိုးဖောက်ဝင်ရောက်လာမလိုတောင်ခံစားရသည်။ခနအကြာမှရိပေါ်ကတစ်စုံတစ်ခုကိုသတိရသွားတဲ့ပုံနဲ့ ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်ကနေအကြည့်တွေကိုလွှဲလိုက်ကာခေါင်းကိုငုံ့လိုက်သည်။ဒီလိုနေရခက်တဲ့အခြေအနေကြီးကိုရှောင်းကျန့်တကယ်သဘောမကျပါ။

ရှောင်းကျန့်ရေကန်ထဲကနေထွက်ပြီး ဝမ်ရိပေါ်ရပ်နေတဲ့နေရာဆီသို့ဖြည်းဖြည်းချင်းလှမ်းသွားလိုက်သည်။ရိပေါ်ကတော့ကျောက်ရုပ်တစ်ရုပ်ချထားတဲ့အတိုင်းပင်။သူ့ကိုအနည်းငယ်တောင်မော့ကြည့်ခြင်းမရှိ။မြေကြီးကိုစိတ်ဝင်စားစရာတစ်ခုလို စိုက်ကြည့်နေတဲ့ရိပေါ်ရဲ့ မျက်နှာလေးကိုရှောင်းကျန့်လက်‌ချောင်းလေးတွေနဲ့မေးဖျားကနေပင့်မကာအကြည့်ချင်းဆုံစေလိုက်သည်။စူးရှရှအကြည့်တွေနဲ့ ဆုံမိတဲ့အခါမှာတော့သူ့ရင်ဘတ်ကပိုင်ရှင်ကိုတွေ့တဲ့ခွေးပေါက်လေးပမာထိန်းမနိုင်သိမ်းမရခုန်ပေါက်လာသည်။ရိပေါ်ရဲ့မေးဖျားကိုဆွဲပင့်ထားတဲ့လက်တွေကို လည်ပင်းဆီသို့ပြောင်းလဲချိတ်တွယ်လိုက်ပြီး ရိပေါ်ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)حيث تعيش القصص. اكتشف الآن