၁၂

13.3K 1.7K 44
                                    






Unicode





လွီမေအော်ရဲ့နန်းဆောင်မှာတော့အစေခံတွေဟာအသက်တောင်မရှူရဲလောက်အောင်ကြောက်ရွံ့နေကြတယ်။မင်းသားသုံးကကြင်ယာတော်နန်းဆောင်မှာသွားအိပ်တယ်ဆိုတာကိုကြားပြီးတည်းက တွေ့သမျှပစ္စည်းတွေအကုန်ပေါက်ခွဲပြီးသောင်းကျန်းနေတော့တာပဲ။သူမတို့ဝင်လည်းမဆွဲရဲပေ။သခင်မလေးရဲ့ဒေါသတွေသူမတို့ဆီရောက်လာမှာကိုမလိုလားပါ။

"အားးးး....အဲ့ကောင်ကဘာမို့လို့လဲ။ဘာမို့လို့ငါ့နေရာကိုယူထားရတာလဲ"

စားပွဲပေါ်ကပန်းအိုးတွေကိုပစ်ခွဲချပစ်ကာသူမရဲ့ဒေါသတွေကိုဖြေလျော့လိုက်သည်။သူမနန်းဆောင်ကနေမောင်းထုတ်ခံရတဲ့နေ့က သူမရဲ့အဒေါ်မိဖုရားလွီဆီသွားကာတိုင်တောခဲ့သည်။ပြီးတော့သူမကိုအကိုကျီရွှမ်းနဲ့လက်ထပ်ပေးဖို့ကိုလည်းပူဆာခဲ့သေးသည်။ဒါပေမယ့်မိဖုရားလွီကလက်မခံခဲ့ပေ။ဘာလို့လဲ။သူမနဲ့လက်ထပ်ပေးဖို့ကိုကျငြင်းပြီး ယောက်ျားတစ်ယောက်နဲ့လက်ထပ်ပေးရတာလဲ။သူမအဒေါ်ဘာတွေကိုစီစဉ်နေတာလဲတော့သူမမသိ။သူမသိတာက အကိုကျီရွှမ်းရဲ့မိဖုရားနေရာကသူမအတွက်ပဲဖြစ်ရမည်။သူမအနည်းငယ်တည်ငြိမ်သွားတာကိုမြင်မှသူမရဲ့အစေခံယွီအော်ကဆိုသည်။

"သခင်မလေး....တအားဒေါသထွက်မနေပါနဲ့။‌နောက်ဆုံးမှာကျီရွှမ်းမင်းသားရဲ့မိဖုရားနေရာကသခင်မလေးပဲဖြစ်မှာပါ။အဲ့နေရာကသခင်မလေးနဲ့သာအသင့်တော်ဆုံးပါ"

ဟုတ်တယ်။ယွီအော်ပြောတာဟုတ်တယ်။အဲ့နေရာကိုပိုင်ဆိုင်ရမယ့်သူကသူမပဲဖြစ်ရမှာ။အဲ့နေရာနဲ့အသင့်တော်ဆုံးက ဒီကမ္ဘာတစ်ခုလုံးမှာသူမပဲရှိတယ်။ယွီအော်ရဲ့စကားကြောင့်သူမရဲ့ဒေါသတွေပျောက်ကွယ်သွားရလေတယ်။

"ပြီးတော့...သခင်မလေး။အဲ့တစ်ယောက်ဘာလို့မျက်နှာကိုအုပ်ထားရလဲဆိုတာသိလား"

"ဘာလို့လဲ"

"မိဖုရားလီဟွာနဲ့ ကြင်ယာတော်ချင်းယွဲ့တို့ရဲ့အစေခံတွေဆီကနေကြားခဲ့တာကတော့သူ့ရဲ့မျက်နှာကလူမြင်မကောင်းလောက်အောင်ရုပ်ဆိုးနေလို့တဲ့။ဒါကြောင့်သခင်မလေးစိတ်မပူပါနဲ့။ကျီရွှမ်းမင်းသားကသူ့ရုပ်ကိုမမြင်ဖူးလို့သာ အခုလိုအရေးပေးနေတာနေမှာပါ။သူ့ကြင်ယာတော်ရဲ့ရုပ်ကိုမြင်ပြီးသွားရင်သခင်မလေးကသာသူ့အတွက်အသင့်တော်ဆုံးဆိုတာသိသွားမှာပါ"

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now