၃၁

11.6K 1.5K 173
                                    



Unicode


အကြည့်ချင်းစစ်တိုက်နေကြတဲ့ ကျီရွှမ်းနဲ့ဝမ်ရိပေါ်ရဲ့အလည်မှာ ရှောင်းကျန့်ဟာနားမလည်စွာရပ်လျက်။အခန်းတွင်းကလေထုကတော့အေးစက်လို့နေသည်။‌ဝမ်ရိပေါ်ရဲ့ရှေ့ကနေပိတ်ကာထားတဲ့ရှောင်းကျန့်ရဲ့လက်ကနေဆွဲဆောင့်ကာသူ့ဘက်သို့ ရောက်စေလိုက်သည်။ရှောင်းကျန့်ရဲ့ပါးနုနုလေးနှစ်ဖက်ကို သူ့ရဲ့ကြမ်းရှတဲ့လက်တွေနဲ့ဆွဲညှစ်လိုက်ကာ မျက်နှာကိုမော့စေလိုက်သည်။ကျီရွှမ်းရဲ့အားပြင်းလှတဲ့လက်တွေကြောင့်ရှောင်းကျန့်ရဲ့ပါးလေးနှစ်ဖက်ဟာနီရဲလာရသည်။

ရှောင်းကျန့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ကျီရွှမ်း‌ရဲ့ဒေါသကြောင့်နီရဲနေတဲ့မျက်ဝန်းတစ်စုံတို့အကြည့်ချင်းဆုံသွားကြသည်။

"ကိုယ်တော့်ကို အရူးမလုပ်နဲ့တော့....ရှောင်းကျန့်...."

ပြောပြီးသွားတာနဲ့ကျီရွှမ်းဟာ ရှောင်းကျန့်ရဲ့လက်ကနေဆွဲကာနန်းဆောင်ထဲမှခေါ်ထုတ်သွားသည်။နန်းဆောင်ထဲမှာကျန်ခဲ့တဲ့ ရိပေါ်ကိုလည်းကိုယ်ရံတော်တပ်တွေကဖမ်းချုပ်ကာ အပြင်သို့ခေါ်လာခဲ့သည်။ချန်းမင်ရဲ့မျက်နှာမှာတော့ရိပေါ်အတွက်စိတ်မကောင်းမှုတွေကအထင်းသား။ဒါပေမယ့်သူလည်းဘာမှမတတ်နိုင်ပေ။

ရှောင်ကျားယွီကရိပေါ်ရဲ့အနားသို့ကပ်ကာတီးတိုးပြောလိုက်သည်။

"ငါ့ရဲ့လက်ဆောင်ကိုသဘောကျရဲ့လား...ကိုယ်ရံတော်ဝမ်..."

‌ရိပေါ်လက်သီးတွေကိုတင်းတင်းဆုပ်ထားလိုက်သည်။ဒီကိစ္စကြောင့်သူ့နတ်သားလေးထိခိုက်ခဲ့ရင် ရှောင်ကျားယွီကိုသူတစ်စဆီဆွဲဖြဲပစ်မည်လို့သူကျိန်ဆိုသည်။

ကျီရွှမ်းနန်းပြင်ကျယ်ကြီးကိုရောက်တာနဲ့ ဆွဲလာတဲ့ရှောင်းကျန့်ကို စောင့်တွန်းပစ်လိုက်သောကြောင့် ရှောင်းကျန့်မြေပြင်ပေါ်သို့ခွေလဲကာကျသွားရသည်။မြေပြင်ပေါ်ကရှောင်းကျန့်ရဲ့ပါးနုနုလေးတွေကို သူ့ရဲ့လက်တွေနဲ့ဆွဲညှစ်ကာမျက်လုံးချင်းဆုံစေလိုက်သည်။

"လူမရှိတဲ့နေရာမှာချိန်းတွေ့တာဆိုတော့ လူသိမခံချင်တဲ့ကိစ္စတွေများလုပ်မလို့လား...."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now