၃၇

14K 1.8K 190
                                    






Unicode





"အရှင်သခင်အလိုရှိတာမှန်သမျှတောင်းဆိုလို့ရပါတယ်....."

ရိပေါ်ကကျီရွှမ်းရဲ့ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။ထိုစူးစူးရဲရဲအကြည့်တွေကြောင့် ကျီရွှမ်းကြက်သီးပင်ထသွားရသည်။

"ကျွန်တော်လိုချင်တာ တစ်ခုတော့ရှိတယ်....."

"ပြောပါ....."

ကျီရွှမ်းကရိပေါ်ကို ဆက်၍ပြောခိုင်းသည်။ရိပေါ်ပြောတဲ့စကားကိုကျီရွှမ်း အာရုံစိုက်၍နားထောင်နေလိုက်သည်။ဆက်ထွက်လာတဲ့ရိပေါ်ရဲ့စကားကြောင့် ကျီရွှမ်းမျက်နှာကအပြုံးတွေပျောက်သွားကာ မျက်နှာမှာရေခဲတစ်မျှအေးစက်သွားရသည်။

"ငါ.....လိုချင်တယ်......မင်းရဲ့ကြင်ယာတော်....ရှောင်းကျန့်ကို......"

ရိပေါ်ရဲ့စကားကြောင့်ကျီရွှမ်းရဲ့မျက်နှာဟာ ရေခဲတမျှအေးစက်သွားတော့သည်။ကျီရွှမ်းလက်ထဲကရေနွေးကြမ်းခွက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တာကြောင့် ရေနွေးကြမ်းခွက်လေးမှာအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရသည်။ပြောလိုက်တဲ့စကားက ဘာမှမဟြတ်သလိုရေနွေးကိုသာစိတ်ဝင်တစားသောက်နေတဲ့ ရိပေါ်ကိုကြည့်ကာ ကျီရွှမ်းပြောလိုက်သည်။

"အရှင်သခင်ရဲ့စကားက ဘာအဓိပ္ပာယ်လဲ...."

ကျီရွှမ်းရဲ့အမေးစကားကြောင့် ရိပေါ်တစ်ချက်ပြုံးလိုက်သည်။‌ကောင်းပြီလေ........။ဒီမေးခွန်းကိုထပ်ပြီးကြားချင်နေတယ်ဆိုတော့လည်း.....ထပ်ပြီးပြောပေးရတာပေါ့။

"ကြင်ယာတော်ရှောင်းကျန့်ကို......လိုချင်တယ်လို့ပြောတာ.....ပေးနိုင်မလား....."

တဖြည်းဖြည်းထွက်ပေါ်လာတဲ့ဒေါသတွေကို ချုပ်တည်းကာ ကျီရွှမ်းထရယ်လိုက်သည်။ရယ်နေရင်းနဲ့မှကျီရွှမ်းကပြောလာသည်။

"အရှင်သခင်က ခပ်တည်တည်ပဲနေတတ်တယ်လို့ကျွန်တော်ထင်ခဲ့တာ။ဒါပေမယ့် မထင်မှတ်ထားဘဲ အရှင်သခင်က ဟာသတွေပြောတတ်တာပဲ..."

ကျီရွှမ်းရဲ့စကားကို ရိပေါ်အရေးမစိုက်စွာ လက်ထဲကလက်ဖက်ရည်ကြမ်းကိုသာသောက်နေလိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now