၃၂

12.4K 1.7K 73
                                    





Unicode




ကောင်းကင်ပေါ်တွင် ထွန်းလင်းစွာတောက်ပနေသော ကြယ်ကိုကြည့်နေတဲ့ ဝတ်ရုံအနက်နဲ့လူအနားသို့ နောက်ထပ်ဝတ်ရုံအနက်နှင့်လူတစ်ဦးကရောက်ရှိလာသည်။ရောက်ရှိလာတဲ့ထိုလူကကြယ်ကိုကြည့်နေတဲ့ ဝတ်ရုံအနက်နှင့်လူကိုဦးညွှတ်ကာနှုတ်ဆက်လိုက်သည်။သူတို့နှစ်ဦးအနက် ကြယ်ကိုကြည့်နေတဲ့လူဆီမှစကားသံကထွက်ပေါ်လာသည်။

"ရှာတွေ့ပြီလား...."

"စိုးရွံ့မိပါတယ်....ခေါင်းဆောင်....။အခုထိရှာလို့မတွေ့သေးပါဘူး..."

ထိုစကားကိုကြားတော့ကြယ်တွေကိုကြည့်နေတဲ့လူဆီမှ သက်ပြင်းချသံတစ်ခုကထွက်ပေါ်လာသည်။

"ငါတို့ရှာနေတာ နိုင်ငံအနှံ့ရှိနေပြီ။အခုထိရှာလို့မတွေ့သေးဘူး။ရှာဖို့ကျန်တာဆိုလို့ ကျိုးနိုင်ငံတစ်ခုပဲရှိတော့တယ်။အရင်ကမှေးမှိန်နေခဲ့တဲ့ကြယ်ကအခုဆို အရောင်တောက်လာပြီ။သူထွက်ပေါ်လာဖို့အချိန်ကျနေပြီ"

ထိုလူရဲ့စကားကို နောက်ထပ်ဝတ်ရုံအနက်နှင့်လူတစ်ဦးကပြန်ဖြေလိုက်သည်။

"သိပ်ပြီးစိုးရိမ်မနေပါနဲ့ ခေါင်းဆောင်....။ကျွန်တော်တို့ကြိုးစားပြီးရှာဖွေမှာပါ...။တစ်နေရာမှာတော့ အရှင်သခင်ကရှိနေမှာပါ.....။တကယ်လို့ရှာမတွေ့ခဲ့ဘူးဆိုရင်တောင် ကံကြမ္မာကဒီတိုင်းတော့နေမှာမဟုတ်ပါဘူး။သူသတ်မှတ်ထားတဲ့အတိုင်းဖြစ်ကိုဖြစ်လာမှာပါ..."

ကြယ်ကိုကြည့်နေတဲ့လူက ထိုလူရဲ့စကားကိုကြားတော့ စိတ်သက်သာရာရသွားပုံနှင့် ပြန်ပြောလိုက်သည်။

"တကယ်လို့ငါတို့ရှာလို့မတွေ့ရင် ကံကြမ္မာကရှာပေးမယ်လို့တော့မျှော်လင့်ရတာပါပဲ...."

______________________________________

ရှောင်းကျန့်လှုပ်ရှား၍မရလောက်အောင်ပင်ခန္ဓာကိုယ်တစ်ခုလုံးကကိုက်ခဲနေသည်။သူ့ရဲ့လည်ချောင်းတွေဟာလည်းခြောက်သွေ့လို့နေသည်။မျက်လုံးနှစ်ဖက်ကို ကြိုးစားပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူဟာ"မဟူရာဆောင်"မှာမဟုတ်တော့ပေ။သူ့ရဲ့နန်းဆောင်ကိုပြန်ရောက်နေပြီဖြစ်သည်။သူပထမဆုံးတွေးမိတာက ရိပေါ်ကိုပဲ.....။ရိပေါ်ရောအ‌ဆင်ပြေရဲ့လား။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now