Ep-1(Unicode)

15.2K 1.5K 64
                                    


ကုမ္ပဏီတစ်ခုရဲ့ ရုံးခန်းထဲတွင် လူသုံးယောက်ရှိနေသော်လည်း အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်၍နေသည်။ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသော သူက ဖုန်းထဲမှ သတင်းတချို့ကို ဖတ်ပြီးချိန်မှာ သက်ပြင်းချသံခပ်သဲ့သဲ့ထွက်ပေါ်ပြီးနောက် လက်ချောင်းသွယ်တွေဟာ စားပွဲခုံပေါ်သို့ တတောက်တောက်ခေါက်ကာ ကျန်လက်တစ်ဖက်က နားထင်ကို ဖိကိုင်ထားသည်။တစ်ခုခု စိတ်ရှုပ်စရာရှိရင် လုပ်တတ်သော အမူအယာမှန်းသိတာမို့ မတ်တတ်ရပ်နေသော လူနှစ်ယောက်မှာ အသက်ပင်ရဲရဲမရှူနိုင်။

"ပြေလည်အောင် ညှိဖို့ တခြားနည်းလမ်း မသုံးတတ်ဘူးလား"

အသံက ခပ်အေးအေးဆိုသော်လည်း မတ်တတ်ရပ်နေသော သူနှစ်ယောက် ဒူးညွှတ်ကျချင်လောက်အောင် အေးစက်စက်နိုင်လှသည်။

"ကျွန်တော် ပြေလည်အောင် ညှိယူပါသေးတယ် ဆရာ။ ဒါပေမဲ့ အဲ့ဒီအဖိုးကြီးက လုံးဝ ဖယ်မပေးနိုင်ဘူးချည်းပြောနေလို့ စည်ပင်ကို အကြောင်းကြားရပါလိမ့်မယ် ဆိုပြီးပဲ ပြောလိုက်တာပါ"

အကျိုးကြောင်းရှင်းပြနေသော မန်နေဂျာကျော်ကျော်မှာ မျက်နှာ ဇီးရွက်လောက်သာ။

"အေးပေါ့ မင်းကအဲ့လိုလေးပဲပြောလိုက်တာ ဟိုမှာ သွေးတိုးဦးနှောက်ကြောပြတ်ပြီး ကိစ္စလျောသွားပြီလေ ၊ ညှိနှိုင်းလို့မရရင် ငါ့ဆီ ဖုန်းဆက်ပြီး အကျိုးကြောင်းပြောပါလား"

"တောင်းပန်ပါတယ် ၊ ကျွန်တော်လည်း ဒီလောက်ထိ ဖြစ်မယ်လို့မထင်လိုက်တာ"

"ကျွန်တော်လိုက်မသွားမိတာလည်းပါတယ်"

တုတ်ကွေးကို အလည်ခေါ်ထားသော အတွင်းရေးမှူး ဇော်မျိုးနိုင်ကပါ မပျောက်သေးသော နှာသံဖြင့်ဝင်ပြောသည်။ဒီ project ကို နှစ်ယောက်လုံးတာဝန်ပေးထားသော်လည်း ဇော်မျိုးနိုင် နေမကောင်းဖြစ်နေတာကြောင့် ကျော်ကျော် တစ်ယောက်တည်း လွှတ်လိုက်ရခြင်း ။ ကျော်ကျော်က စကားပြောမတတ်သလို ပြောပြန်ရင်လည်း ဘုနဲ့ဘောက်သာ ထွက်သည်။

လုပ်ငန်း တိုးချဲ့တဲ့အနေနဲ့ Resort ဆောက်ဖို့အတွက် တောင်တန်းတွေရှိပြီး တိတ်ဆိတ်တဲ့ လယ်မြေတစ်ကွက်ကိုဝယ်ထားတာကြာပြီ။အခု ဆောက်တော့မယ် လုပ်မှ လူရှိနေတာကြောင့် ဖယ်ခိုင်းရင်း ပြသနာတေဖြစ်ကုန်တာ။ပတ္တမြားဆောက်လုပ်ရေး ကုမ္ပဏီက မြေယာအတင်းဖယ်ခိုင်းလို့ အသက်ပေးလိုက်ရတဲ့ အသက် (၇၀) ကျော်အဖိုးအို တစ်ဦးဆိုတဲ့ သတင်းက Media ကြားမှာ ရေးလို့အတော်ကောင်းနေသည်။ဖြစ်လာမှတော့ မတတ်နိုင် ဖြေရှင်းရုံပဲရှိတာပေါ့။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now