Ep-17(Zawgyi)

3.7K 442 12
                                    

"သားလာတာ ... အတော်ပဲ "

စောစောအိမ်က အမျိုးသမီးနဲ့​ကွဲပြားစွာပဲ အပြုံးချိုချိုနဲ့ ဆီးကြိုသော နေရှိန်ရဲ့အမေ။ ခေတ်ဆန်သော အဝတ် အစားနဲ့မို့ ရှိရင်း အသက်ထက် ခန့်မှန်းရခက်အောင် ငယ်နေသည်။သူမက နေရှိန် တွဲထားတဲ့ စိုင်းခန့်လက်ကို တစ်ချက်ကြည့်လိုက်ပြီး

"သား သူငယ်ချင်းလား လာလာ အိမ်ထဲ ဝင်ကြ"

အန်တီ အတွေးက အရမ်းကို ရိုးရှင်းလွန်းပါသည်။ ဧည့်ခန်းကိုရောက်တော့ ကြိုစောင့်နေသော နောက်ထပ် အမျိုးသမီးတစ်ဦးက နေရှိန်ကို မြင်တာနှင့် ဝင်းလဲ့သွားသော အပြုံးတွေဖြင့်

"ကိုသွေး နေကောင်းတယ်နော် "

"မြင်တဲ့အတိုင်းပဲ"

"ဟဲ့ သား အဲ့လိုမပြောရဘူးလေ "

"ရပါတယ် ခင်မေရဲ့ ကိုသွေး ပြောတတ်သလို ပြောပါစေ။အဲ့လို မထိတထိ စကားလေးတွေကို တို့က သဘောကျနေရတာ"

သူမစကားတွေကြောင့် စိုင်းခန့်က အံ့ဩသွားပေမဲ့ နေရှိန်က ဘာမှမဖြစ်သလို ခုံရဲ့အခြားတစ်ဖက်မှာဝင်ထိုင်သည်။အသက်နဲ့မလိုက်စွာ ဆေးဆိုးပန်းရိုက် မျက်နှာပြင်ဟာ နေရှိန်အားကြည့်နေသည်မှာ ညို့ငင်မှုအပြည့်။

စားပွဲပေါ်တွင်ရောင်စုံချခင်းထားသောကျောက်မျက်ရတနာမျိုးစုံ။အမျိုးစားခွဲခြားနိုင်ဖို့အတွက် အနီရောင်ဟာ ပတ္တမြားနဲ့ အစိမ်းရောင်ဟာ ကျောက်စိမ်းဆိုတာထက် ပိုပြီး မသိ။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ။ အမေက အခု ဖုန်းဆက်ခေါ်တော့မလို့ ။ ဒီရတနာတွေထဲကတစ်စုံကို အမြင့်က သားမွေးနေ့အတွက် လက်ဆောင်ပေးမလို့တဲ့လေ ။ သား ဘယ်အစုံကိုကြိုက်လဲ "

"ကိုသွေး အကုန် ကြိုက်ရင် အကုန်ယူလို့ရတယ်နော် "

"ဟယ် အမြင့်ကလည်း အားနာစရာ... တစ်စုံဆို တော်ရောပေါ့​ ဒီလောက်တန်ဖိုးကြီးတာကို "

"ခင်မေ့ သားလေးလောက်တော့ ဘယ်ဟာမှ အဖိုးမတန်ပါဘူး "

"အဲ့ဒါတော့ ဟုတ်တယ် ကျွန်မသားက တကယ့်ကို အဖိုးတန်လေး ဒါကြောင့် အမြင့်နဲ့ "

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now