Ep-27(Unicode)

7.3K 1.2K 40
                                    




ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်တဲ့ အမြင်အာရုံမှာ မျက်နှာကြက်အဖြူဗလာက ရှင်းလင်းစွာဝင်ရောက်လာသည်။မူးဝေနေဆဲခေါင်းကို လက်နဲ့ ထောက်ကာ ညည်းညူသံပြုတော့ ဘေးမှ စိုးရိမ်တကြီး ခေါ်သံတစ်ခု။

"ညီ သက်သာရဲ့လား ဘယ်နားနေလို့မကောင်းဖြစ်နေလဲ"

ကိုတိမ်စိုင်ရဲ့စကားကို ခေါင်းရမ်းပြလျက်မျက်လုံးတို့ ခဏပြန်မှိတ်နေလိုက်သည်။ နားထဲမှာ လေတိုးသံလို ကြားနေရပြီးခေါင်းမူးတာကို သက်သာအောင် ခဏ ငြိမ်နေလိုက် မှ ဘာဖြစ်ခဲ့တယ်ဆိုတာ တဖြည်းဖြည်း သတိရလာသည်။ချက်ချင်းပဲ ခုတင်ပေါ်က ထလိုက်တော့ မိုက်ခနဲ့ဖြစ်သွားတဲ့ ခေါင်းကို ဂရုမစိုက်အား သူ့ရှိရာကိုသာ ဦးတည်ရင်း။

"အရမ်းမလှုပ်ရှားသေးနဲ့အုံးလေ။ ညီခေါင်းမူးနေတယ်မလား ခဏလှဲနေအုံး"

"သူ့ဆီသွားချင်တယ် ....အခုသွားမြှဖစ်မယ် "

ဆွဲထားသော တိမ်စိုင်လက်ထဲကနေ အတင်းရုန်းကန်နေပြီး နေရှိန်ကိုတွေ့ချင်တဲ့စိတ်က ခဏလေးတောင် စောင့်မနေနိုင်။အရင်ဘဝကလို နိုးထလာရင် ပျောက်ကွယ်သွားမယ့် တူညီသောအဖြစ်ပျက်တွေ စိုင်းခန့်မလိုချင်ပါ။

"ကိုယ်လိုက်ပို့မယ် အရမ်းမလှုပ်ရှားသေးနဲ့အုံး အားနည်းနေတာကို။ ညီသွေးဆီကို သေချာပေါက်လိုက်ပို့ပေးမှာမို့ အခု ခဏလေး ညီ့စိတ်ကို လျော့ပြီး အနားပေးလိုက်နော် "

ရုတ်တရက်လှုပ်ရှားလိုက်တာကြောင့် ပို၍ခေါင်းမူးလာပြီးငြိမ်သွားတဲ့ စိုင်းခန့်ကို ပုခုံးကနေ ကိုင်လျက် ခုတင်ပေါ်ပြန်ထိုင်စေသည်။ထို့နောက် နှဖူးက ချွေးတို့ကိုသုတ်ပေးနေသော တိမ်စိုင်အား ကြည့်ကာ

"ကျွန်တော် သူ့ကို အခုချက်ချင်းတွေ့ချင်နေတယ်"

"တွေ့ရမှာပါ .... ခေါင်းမူးနေသေးလား"

"နည်းနည်း "

"ဒါဆို ကိုယ့်ကို တွဲလိုက်... မပြေးနဲ့... ဖြည်းဖြည်းချင်းပဲ လျှောက် .. ဟုတ်ပြီလား"

စိုင်းခန့် ခေါင်းညိတ်ပြပြီး ထရပ်လိုက်တော့ တိမ်စိုင်က လက်မောင်းကနေ တွဲထူကာ ကားဆီ ဦးတည်လိုက်သည်။တရွေ့ရွေ့သွားနေသော ကားက အရမ်းနှေးနေသလို။ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေအားလုံးရဲ့ အဖြေကို သိရှိပြီးပြီမို့ သူ့ကိုပြောပြချင်သည်။ သူချစ်သလောက် ထပ်တူ ပြန်ချစ်နိုင်ပါတယ်လို့လည်း ဝန်ခံပြီး အချိန် နည်းနည်းလေးမှ ထပ်မစောင့်နိုင်လောက်အောင် လောနေသည်။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now