Ep-25(Unicode)

7.5K 1.2K 32
                                    








"အစ်ကိုတို့ ဘုရားပန်းလေး ကပ်ဖို့ ဝယ်သွားပါအုံးရှင် "

သနပ်ခါးပါးကွက်ကြားလေးနဲ့ အပြုံးချိုသော ကောင်မလေးတစ်ယောက်က စားပွဲပေါ် ချခင်းထားသော ပန်းစည်းများကိုမြှောက်ကိုင်ကာပြောသည်။ ပုဂံကိုရောက်တဲ့ ဒုတိယရက်မှာပဲ အာနန္ဒာဘုရား၊ဗူးဘုရား၊ဓမ္မရံကြီးတို့ကို ဖူးမြော်ပြီး ယခု ထီးလိုမင်းလို ဘုရားကိုရောက်ချိန် ညနေခင်းကို တဖန်ပြန်ရောက်ရှိလာသည်။

နှင်းဆီနဲ့ သပြေရောထားသောတစ်စည်းကို ယူပြီး ပြန်လည်ပြုံးပြလိုက်သော တိမ်စိုင်ရဲ့အပြုံးတွင် ရိုးသားသော ပန်းသည်လေးမှာ ငေးငိုင်လျက်။သူမ ပန်းစည်းကို မြှောက်ကိုင်ရက်အတိုင်းပဲ ရပ်တန့်နေသည်။

"အစ်ကိုက ဒီတစ်စည်းယူမယ် ၊ ညီတို့ နှစ်ယောက်ရော .... "

စိတ်နဲ့ လူနဲ့ မကပ်သော စိုင်းခန့်နှင့် အသက်ရှူရုံကလွဲ သံပတ်ပေးထားသလို စက်ရုပ်လိုဖြစ်နေသော နေရှိန်တို့ နှစ်ယောက်လုံး တပြိုင်တည်းအတူ ကောက်ကိုင်လိုက်သော ပန်းစည်းလေးတစ်စည်း။ဖြူဖွေးနေသော အပွင့်လေးတွေကို အစိမ်းရောင်အရွက်ရှည်တွေနဲ့ ကာရံထားသော သစ္စာပန်းလေးဖြစ်နေသည်။သေးသွယ်တဲ့ လက်လေးကိုပျောက်လုနီးပါး အုပ်ကိုင်ထားပြီး နှစ်ယောက်လုံးလက်ကတစ်ထပ်တည်းကျနေသည်။ တိမ်စိုင်အပြုံးတို့ရပ်တန့်ကာ တခြားဖက် လှည့်သွားမှ ပန်းသည်ကောင်မလေး ကလက်ရှိအချိန်ကို ပြန်ရောက်လာသည်။ထို့နောက် ပန်းစည်းတစ်စီးတည်းကို နှစ်ယောက်လုံး အတူတူကိုင်ထားပြီး လွတ်မပေးဘဲ ဒီအတိုင်းဆွဲထားတာကြောင့်

"သစ္စာပန်းအဖြူကိုပဲ ယူချင်တာလား .... ခဏလေးနော် နောက်တစ်စီး ရှိသေးတယ် ညီမ သွားယူပေးပါမယ် "

ဈေးသည် ကောင်မလေးက ခပ်သွက်သွက်ပဲ အနောက်က အဝတ်စိုအထုတ်ကို ဖြည်ကာ တစ်စီးထုတ်ပေးသည်။သို့သော် စားပွဲပေါ်က လက်ချင်းထပ်ထားသော အစီးကိုသာ နှစ်ယောက်လုံး လွတ်မပေးကြ။

"ဒီမှာ နောက်တစ်စီးရှိသေးတယ်ရှင့် "

ပြုံးပြရင်း ထိုးပေးနေသော ကောင်မလေးကို ဂရုမစိုက်။တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မလှုပ်မယှက်နေသောကြောင့် တိမ်စိုင်မှ ပိုက်ဆံထုတ်လိုက်ပြီး

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now