Ep-15(Unicode)

7.6K 1.2K 37
                                    

အပြင်မှ မိုးစက်သံတို့ကို နားထောင်ရင်း တံခါးဖွင့်သံ ကြားလိုက်တာကြောင့် စိုင်းခန့် မျက်လုံးမှိတ်ထားလိုက်သည်။ ခုတင်နားတိုးလျှောက်လာသော ခြေသံဖွဖွ၊ ရင်နှီးတဲ့ ကိုယ်သင်းရနံ့နဲ့အတူ နှဖူးပေါ်ကျရောက်လာသော အနမ်းတစ်ပွင့်ကညင်သာစွာပင်။

ထို့နောက် ရေချိုးခန်းဆီဦးတည်သွားပြီး တံခါးပိတ်လိုက်ခါမှ မျက်လုံးတို့ ပြန်ဖွင့်မိသည်။စိုင်းခန့်အပေါ်မှလွှဲ၍ စိတ်မရှည်တတ်သော သူက အရာရာ စိတ်မြန်လက်မြန်ဖြင့်​ရေချိုးခန်းထဲက ၅မိနစ်တောင် မကြာ ပြန်ထွက်လာသည်။

ဗီရိုဖွင့်သံကြားကာ အင်္ကျီလဲပြီးလောက်ချိန်မှ စိုင်းခန့် အိပ်ချင်ယောင်ဆောင်မနေတော့ဘဲ ခုတင်ပေါ်မှာ ကျောမှီလျက် ထိုင်လိုက်သည်။ လှည့်ကြည့်လာသောသူက ခေါင်းက ဆံပင်ကို သုတ်နေတာ ရပ်လိုက်ပြီး အနားတိုးလာကာ

"ကလေး ဘာစားပြီးပြီလဲ "

"မစားဘူး"

မျက်နှာ လွှဲကာဖြေလိုက်တော့ စိုင်းခန့် ခါးမှ စောင်ကို ဆွဲချကာ ပေါ်လာသောဗိုက်ကို သူ့လက်ဖဝါးနဲ့ လာကပ်သည်။ အင်္ကျီအပါးကြောင့် ရေချိုးပြီးခါစ လက်တွေဆီမှ အအေးဓာတ်ကူးလူးလျက်။မနေတတ်တာမို့ ခါထုတ်လိုက်တော့ နောက်တစ်ကြိမ် ထိကပ်ပြန်သည်။ ပထမ အကြိမ်တုန်းကလို ထိရုံတင်မဟုတ်ဘဲ ဗိုက်ကို ဖိလိုက်တာကြောင့်

"အာ့ !"

"ကြည့် ... အစာလုံးဝမရှိဘူး။ နေ့လည်စာလည်း မစားထားဘူးမလား"

"ခင်ဗျားနဲ့ မဆိုင်ဘူး"

"ဒီဗိုက်ကလေးက အရင်ကတည်းက ပြားချပ်နေပါတယ်ဆို ခန္ဓာကိုယ်လေးပါ သေးသွားလိမ့်မယ် ။ လာ...ထ ..ကိုယ်လည်း မစားရသေးဘူး အတူတူ စားရအောင်"

"မစားချင်ဘူးလို့ ပြောနေတယ်လေ"

သူက စိုက်ကြည့်နေရင်းပဲ နှုတ်ခမ်းဟကာပါးစောင်ကို လျှာနဲ့ထိုးပြီး ကြက်သီးထစရာကောင်းတဲ့ အကြည့်တွေဖြင့်

"OK လေ ဒါဆို ကိုယ်လည်း ထမင်းမစားတော့ဘူး "

"......."

" ကလေးကိုပဲ စားတော့မယ်"

ရုတ်တရက် အုပ်မိုးကာ ဖိလာတဲ့ နေရှိန်ခန္ဓာကိုယ်ကြောင့် စိုင်းခန့် လန့်သွားသည်။ လက်နှစ်ဖက်လုံးကို ခေါင်းရင်းတစ်ဖက်စီမှာ ချုပ်ကိုင်ထားပြီး တဖြည်းဖြည်း နီးကပ်လာသော သူ့မျက်နှာ။မနက်က ရှသွားတဲ့ ပါးမှ ဒဏ်ရာက အနီးကပ်ကြည့်မှ သွေးစို့နေဆဲ။ရေနဲ့ထိလိုက်လို့ ဖြစ်မည်။ကြည့်နေရင်း မျက်လုံးမှိတ်ကာ တိုးကပ်လာသော သူ့နှုတ်ခမ်းရဲ့ ဦးတည်ရာကြောင့်

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now