Ep-8(Unicode)

7.6K 1.3K 30
                                    





သက်ကယ်မိုးပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးစက်သံလေးများက ညသန်းခေါင်ယံရဲ့​တေးသွားတစ်ပုဒ်လို။ခေါင်းရင်း ပြတင်းပေါက်မှ လာသော လေနုအေးကြောင့် အိပ်ပျော်နေသော ကောင်လေးရဲ့ ခါးတွင်ရှိနေသော စောင်ကို ပုခုံးထိ ဆွဲခြုံပေးလိုက်သည်။ နှစ်ယောက်အိပ် မွေ့ရာဆိုသော်လည်း ကျဉ်းလွန်းတဲ့တဲအိမ်လေးကြောင့် ကြမ်းခင်းအပြည့်ဖြစ်နေသည်။ မျက်နှာလေးကို လှမ်းကြည့်လိုက်တော့ ကြည်လင်စွာ သက်သောင့်သက်သာရှိနေသည်နှင့်အတူ နေရှိန် နှုတ်ခမ်းမှာ ကျေနပ်လေသော အပြုံးတစ်ပွင့်က တစ်ပြိုင်တည်း။

သို့သော် ထိုအပြုံးတို့က ကြာကြာမခံ။နေ့လည်က အကြောင်းတို့ ပြန်တွေးရင် ကြေကွဲစွာ ပြောပြလာသော ကောင်လေးရဲ့​အသံဟာ နားထဲ ပဲ့တင်ထပ်နေသည်။

"အဖိုးက ဒီအိမ်လေး ဆောက်ပြီး မကြာခင်မှာ စုဘူးလေးကို စ စုခဲ့တယ်။သူ့မှာ ရှိသမျှလေးနဲ့ ကျွန်တော့်ဖို့ ရည်ရွယ်ပြီး လုပ်ပေးထားခဲ့တာ။
အသက်(၂၀)ပြည့် ရဟန်းခံပြီး ဆံချတဲ့ ရက်မှာ သူက တဘက်ကိုင်ပေးပြီး သာဓု ခေါ်ချင်ရုံလေးပါတဲ့။ဒါပေမဲ့ သူဆန္ဒတွေ ပြည့်ဝဖို့ ဘယ်လောက်မှ မလိုတော့တဲ့ ဒီရက်လေး အတွင်းမှာပဲ ...."

ဆို့နင့်မှုကြောင့် တိမ်ဝင်သွားသော အသံဟာ နေရှိန်ကိုပါ အသက်ရှူကျပ်လာစေသည်။ ပိုဆိုးတာက ကောင်လေး ပြောလိုက်တဲ့ နောက်ဆုံး စကားတွေဟာ ရင်ဘတ်ကို စူးချွန်တစ်ခုနဲ့ ထိုးနေသလိုပင်။

"ကံတရားက သူ့အလိုတိုင်းစီမံနေပေမယ့် အဖိုးဆုံးသွားတဲ့ ကိစ္စမှာတော့ ကျွန်တော့် ရင်ထဲ အစိုင်အခဲ တစ်ခုဖြစ်နေတယ်။
အဲ့ဒါက အဖိုးရဲ့ မျှော်လင့်ချက်တွေ ၊တစ်ယောက်တည်း ဖြစ်သွားတဲ့ ဒီခံစားချက်တွေအတွက် ခင်ဗျားသူဌေးကို ကျွန်တော် မုန်းတယ်။ဘာကိုမှ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိပေမယ့် စေခိုင်းသူ ပတ္တမြားကုမ္ပဏီ ပိုင်ရှင် နေရှိန်သွေးဆိုတဲ့ လူကို မုန်းလို့ ရတယ်မလား" တဲ့

နေရှိန် ပြန်မဖြေမိ။ မင်းဆီမှာ လာနေတဲ့ ကိုယ်က အဲ့ဒီနေရှိန်သွေးဆိုတဲ့ လူပါလို့ သိသွားခဲ့ရင် ဒီထက်ပိုပြီး မုန်းသွားလေမလား။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now