Ep-7(Unicode)

7.5K 1.3K 183
                                    





အစီအရီ ပေါက်နေသော ချဉ်ပေါင်တန်းလေးမှာ အားစိုက်ထုတ်စရာမလိုပဲ အမြစ်ပါတွဲလျက် နုတ်ယူလို့ရသည်။နေရှိန်ရဲ့ လက်ဝါးအပြည့် ဆုပ်ယူလိုက်ရင် ငါးပင်မက ပါလာသော အပင်တွေကို ဘေးနားချကာ ခေါင်းက လည်ပြန်လို့နေသည်။တဲဘေးနားမှာ ခူးထားပေးသော ချဉ်ပေါင်ရွက်တွေကို အစီးလေးတွေအဖြစ်စည်းနေသော ကောင်လေးထံ မိနစ်မခြားရုံတမယ် စောင်းကြည့်နေမိသော်လည်း ထိုကောင်လေးက ယောင်လို့တောင် ပြန်မကြည့်။

ဟိုနှစ်ယောက်လာသွားတဲ့အကြောင်းကို စကားလည်းမစ​။ကျော်ကျော်နဲ့ ဇော်မျိုးနိုင်က ပစ္စည်းတွေလာပို့ရင်း 'မင်းကိုဆရာက အချိန်သိပ်မကြာစေနဲ့' ဘာညာ ဆိုပြီး ကိုယ့်ကိုပြန်ဟောက်သွားသေးတာ။ နှစ်ကောင်လုံး နားရင်းထရိုက်လိုက်ချင်ပေမယ့် ကောင်လေးရဲ့ ဂရုဏာ အကြည့်လေးအောက်မှာ ဟောဒီကောင်ကြီးက မချိုမချဉ် ပြုံးနေရုံသာ။

"ကိုခန့် "

ခပ်စူးစူးအသံကြောင့် လှည့်နေတဲ့ခေါင်းကို ချဉ်ပေါင်ခင်းဘက် အမြန်ပြန်စိုက် လိုက်သည်။ဟိုအစွာမလေး ရောက်လာပြန်ပြီ။စိတ်ထဲ ဘာကိုမကြည်မှန်းမသိ။ သွက်လွန်းတဲ့ အဲ့ကလေးမနဲ့ ရေခဲလို အေးတဲ့ ကောင်လေးကို တွဲမြင်ရတာကို ဘဝင်မကျ။မလိုက်ဖက်လှ။

မသိမသာ လှမ်းကြည့်တော့ အိမ်ထဲ ဝင်သွားကြတာမို့ နှုတ်ပြီးသား အပင်တွေ အမြန်ကောက်ကာ လိုက်ရပြန်သည်။အိမ်ထဲရောက်တော့​အစွာမလေးက မကြည်သလို အကြည့်က 'ဘာလဲဒီလူရှိနေသေးတာလား'ဆိုတဲ့ ပုံနဲ့။ ဒါတောင် နှစ်ယောက်အိပ်မွေ့ယာခင်းဘက်ကို လိုက်ကာချထားလို့သာ။မဟုတ်ပါက နေရှိန်ကို ရုံးတင်ပြီး တရားစစ်သလို စစ်မှာ။

"ချဉ်ပေါင်ပင်တွေက အကုန်မစည်းရသေးဘူးလား"

"အဲ့ဒါပဲ ကျန်တော့တာ"

အခုထိ ပွေ့ထားဆဲဖြစ်သော နေရှိန်လက်ထဲက အပင်တွေကို ညွှန်ပြကာပြောသည်။

"ဒါဆို ငါဟိုရောက်မှ စည်းလိုက်တော့မယ်။အမေမသိခင် လစ်ထွက်လာတယ် ဆိုပေမယ့် အခြေအနေက သိပ်မဟန်ဘူး။ငါ့ကို နင့်ဆီလာရင် မြို့ကိုပို့မယ်ချည်းလုပ်နေတာ။ နောက်ရက်တွေတော့ အခြေနေကြည့်ရမှာမို့ ငါလာနိုင်မှာမဟုတ်သေးဘူး။နောက်ပြီး ငါက ဒါတွေကို တောသည်တွေဆီကလို့ ပြောပြီး ဈေးထဲ ပြန်ရောင်းတာလေ အဲ့ဒါအမေက သူ့အသိကိုရော ကုန်စိမ်းယူဖို့ တောသည်က ဘယ်ကလဲ မေးနေတာအေ။ တကယ်ပါပဲ နင့်ဆီက ယူနေတယ်လို့သာပြောလိုက်ရင် ငါတော့ ခေါင်းနဲ့ဆင်းရလောက်တယ်"

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now