Ep-13(Unicode)

7.7K 1.3K 85
                                    




ခြံထဲက ဒန်းပေါ်မှာ ထိုင်နေရင်း စိုင်းခန့် သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။ ကိုယ်မုန်းတဲ့ သူက ကိုယ့်ဘေးနားတစ်ချိန်လုံးရှိနေတာတောင် သတိ မထားမိခဲ့ဘူး။ ဟိုလူယုတ်မာ လက်ထဲကနေ ကယ်ပေးခဲ့တယ် ဆိုပေမဲ့ သူ့အရိပ်အောက်မှာလည်းမနေချင်။ အတူရှိတုန်းက သံယောဇဉ်တွယ်ခဲ့တာ မှန်သော်လည်း အခုတော့ မျက်နှာတောင် မမြင်ချင်ပါ။အခွင့်အရေးရတာနဲ့ ဒီကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်အောင် ကြိုးစားမည်။ထမင်းချက် အဒေါ်ကြီးနဲ့ မျက်ခြေအပြတ်မခံသော ခြံစောင့်တို့ လစ်တာနဲ့ ထွက်ပြေးဖို့ စိုင်းခန့် အကြံထုတ်နေချိန် ခြံထဲကို ကားတစ်စီး ဝင်လာသည်။ဟိုလူရဲ့ကားဖြစ်နေတာကြောင့် မသိချင်​ယောင်ကာ ဆက်ထိုင်နေလိုက်တော့ သူကကားကို အိမ်ရှေ့မှာ ရပ်ထားလိုက်ပြီး စိုင်းခန့် ရှိရာလျှောက်လာနေသည်။

"လေစိမ်းတွေတိုက်နေတယ်လေ ကလေးရဲ့၊ နေမကောင်းဖြစ်လိမ့်မယ် အိမ်ထဲ ဝင်ရအောင်နော်"

"......"

ဘေးနားဝင်ထိုင်ကာပြောလိုက်တဲ့ စကားတွေကို မကြားသလို လျစ်လျူရှူ့ထားလိုက်သည်။သို့သော် ရုတ်တရက်စိုင်းခန့်ရဲ့ ကိုယ်က လေထဲမြောက်သွားပြီး သူ့ရင်ခွင်ထဲ ပွေ့ချီခံလိုက်ရတာကြောင့်

"ခင်ဗျား ဘာလုပ်တာလဲ အခုပြန်ချပေး"

စောစောက စိုင်းခန့် အတိုင်း အခု သူက စကားကိုမကြားသလို လုပ်ကာ ပြုံးနေပြန်သည်။ဘယ်လောက်ရုန်းနေပါစေ သူ့လက်တွေကြားကနေ လွတ်ထွက်မသွားနိုင်လောက်အောင် သန်မာနေသည်။

"ဟာ!"

အိမ်ထဲ ရောက်တော့ လည်ပင်းဆီငုံ့ချလိုက်တာကြောင့် ရုန်းနေတာတွေ ရပ်သွားသည်။ ချွန်နေသော နှာခေါင်းထိပ်ဖျားက စိုင်းခန့်လည်ပင်းကို ထိခတ်လိုက်ချိန် တစ်ကိုယ်လုံး ဓာတ်လိုက်သလို ကျဉ်လျက်။ဝင်သက်ထွက်သက် ရိုက်ခတ်နေပြီး ရှူးခနဲ အသံမြည်အောင် နမ်းလိုက်တာမို့ သူ့ရင်ဘတ်က အင်္ကျီစကို ယောင်ယမ်းကာ ဆွဲလိုက်မိသည်။

"ကိုယ့်ရဲ့ ညစ်ပတ်အိုးလေး ရေမချိုးရသေးဘူးမလား"

ရုပ်တည်ကြီးနဲ့ ပြောလိုက်သော နေရှိန်ကြောင့် စိုင်းခန့် မျက်နှာတစ်ပြင်လုံး ရှိန်းခနဲ။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now