Ep-11(Unicode)

7.7K 1.2K 42
                                    







အိပ်ပျော်နေသော ကောင်လေးက နေရှိန်လက်တစ်ဖက်ကို ထုံကျဉ်နေတဲ့အထိ လွတ်မပေးဘဲ ဆုပ်ကိုင်ထားသည်။လာကုပေးတဲ့ ဆရာဝန်ကတောင် အံ့ဩစွာ ကလေးရဲ့ အတွင်းသားတွေ အရမ်းကို စုတ်ပြတ်ကုန်လို့ အနာကျက်ဖို့ အချိန်အတော်ကြာအုံးမည်တဲ့။ဒီကလေးကို မြင်နေရလေ ဟို ခွေးတိရစ္ဆာန်ကိုသတ်ချင်လေပဲ။ဒီလောက်ထိခိုက်ပုံရရင် လက်နဲ့တင်မကဘဲ တခြားအရာတွေနဲ့ ဒီကလေးကို ဟာကွာ... ။

တောက်!

"ဆရာ ကျွန်တော်ပါ"

အပြင်မှ တံခါးခေါက်သံနဲ့ အတူ ကျော်ကျော်ရဲ့အသံထွက်ပေါ်လာသည်။

"ဝင်ခဲ့"

"ဆရာ စုံစမ်းခိုင်းထားတဲ့ကိစ္စ သိခဲ့ပါပြီ"

"ဝရံတာက စောင့်နေ"

"ဟုတ်ကဲ့"

ကျော်ကျော်ကို နှောင်းငယ်ဆီလွတ်ပြီး စိုင်းခန့်အကြောင်း စုံစမ်းခိုင်းထားခြင်းဖြစ်သည်။ ကောင်လေးကိုကိုယ်တိုင်မေးလို့ ရပေမယ့် စိတ်ဒဏ်ရာနဲ့ ဆိုရင် ပြောမှာ မဟုတ်သေးဘူး။ အခုပြောနေတာတွေကြားသွားရင်လည်း အနာကို ပြန်ဆွသလို ဖြစ်သွားမှာ စိုးတာကြောင့် ဝရံတာဘက် ထွက်လာပြီး မှန်တံခါးကို သေချာပိတ်လိုက်သည်။ ရပ်နေတဲ့ ကျော်ကျော်ဘေးက ခုံမှာ ဝင်ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ

"ပြော"

"ဟုတ်ကဲ့ဆရာ ... ကျွန်တော် နှောင်းငယ်ဆိုတဲ့ ကောင်မလေးဆီကိုရောက်တော့ သူက စိုင်းခန့်သော်နဲ့ ပတ်သတ်သမျှ ဘယ်သူကိုမှပြောမပြနိုင်ဘူးတဲ့။ဒါနဲ့ ကျွန်တော်လည်း စိုင်းခန့်အခြေအနေကို ပြောပြပြီး ဆရာက ကူညီဖို့အတွက် မေးခိုင်းလိုက်တာလို့ ပြောမှ သိရတာ။ဆရာ့ကိုတော့ နေရှိန်သွေးဆိုတာ မပြောခဲ့ပါဘူး ။ကောင်လေးဆီကို လာနေတဲ့ သူလို့ပဲ သိထားပါတယ်။ ဟို ... ကောင်မလေးကပြောတယ် ဆရာ့ကို အမြင်ကပ်ပေမယ့် စိုင်းခန့်ဘေးနားမှာရှိနေရင် စိတ်ချရတာမို့ နောက်လည်း ကိုခန့်ကို စောင့်ရှောက်ပေးပါတဲ့"

"လိုရင်းကိုပြော"

ဆေးလိပ်ပြာကို​လက်နဲ့ တစ်ချက်တောက်ကာ နေရှိန် အေးစက်စက် ပြောလိုက်တော့မှ ကျော်ကျော် ဆတ်ခနဲမတ်သွားပြီး စာကျက်သလို ဆက်တိုက်ပြောလာသည်။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now