Ep-23(Zawgyi)

3.7K 419 10
                                    


၉ရက်တိတိကုန်ဆုံးပြီးသောအချိန်မှာ စိုင်းခန့် ပုံမှန်လူတစ်ယောက်လို စကားတို့ပြန်ပြောလာနိုင်သည်။ရိုးသစ္စာလို့ ခေါ်တတ်ပြီး အမြဲတမ်း ညင်သာအောင် ပြောနေတတ်သော ထိုလူရဲ့စကားတွေမှာ တုံ့ပြန်ချက် မပေးလို့ မရနိုင်အောင် စကားခေါ်မှုရှိသည်။

သာမန် မိတ်ဆွေသဘောမျိုးဖြစ်ပြီး အပြုံးတွေမှာဖြူစင်သော်လည်း မျှော်လင့်ချက်ပါနေသော သူ့မျက်ဝန်းတွေကိုစိုင်းခန့် ရိပ်မိသည်။ထိုသို့မြင်တိုင်းလည်း တိမ်စိုင်ဆိုတဲ့လူထက် ခံစားချက်တို့ အများကြီးပိုလေးနက်နေသော အညိုရောင် မျက်ဝန်းတို့က ရောက်ရှိလာမြဲ။

ရေချိုးပြီးလို့ အဝတ်စားလဲတဲ့အချိန် အခန်းပြင်ထိ ထွက်ရှောင်ပေးသောတိုင်စိုင်ကို ယုံကြည်မိသော်လည်း ကိုယ်တိုင်ပွေ့ချီကာချိုးပေးသော တစ်စုံတစ်ယောက်ကိုလည်း မယုံကြည်ခဲ့တာတော့မဟုတ်။ နေရှိန်ထွက်သွားပြီးကတည်းက သူ့အကြောင်းတွေပဲ တွေးမိနေသည်။ မမြင်ချင်ပါဘူး ထွက်ပြေးချင်ပါတယ် ပြောပြီး နေရာတိုင်း သူ့ကိုပဲ မြင်ယောင်နေတာတော့ ကျွန်တော်ကိုယ်တိုင်က အမှတ်မရှိတာ။

နေရှိန်သွေးဆိုတဲ့ သူ့ကို ကြောက်ပေမဲ့ မှိုင်းညို့ညို့ မျက်ဝန်းတွေကိုလည်း နားလည်နေမိပြန်သည်။သူအဆင်မပြေနိုင်ဘူးဆိုတာ အလိုလိုသိနေတာကြောင့် ကိုတိမ်စိုင်ရဲ့ ခရီးတစ်ခုထွက်ရအောင်ဆိုတဲ့ ကမ်းလှမ်းချက်မှာ နေရှိန်ကိုပါ ခေါ်ဖို့ တောင်းဆိုခဲ့မိသည်။

တစ်ချက်တွေဝေသွားသော်လည်း ရှိပေးခဲ့တဲ့ ၉ရက် အတွင်း အခုချိန်ထိ စိုင်းခန့်သဘောတိုင်းသာ ဖြစ်စေသောသူပီပီ ပါးချိုင့်နှစ်ဖက်ဖော်ကျူးကာပဲ ခေါင်းညိတ်လေသည်။
တိမ်စိုင်ဖုန်းဆက်ခေါ်လိုက်လို့ ရောက်လာသော နေရှိန်က မြင်လိုက်ရုံဖြင့် နွေလယ်ကခြောက်သွေ့နေသော သစ်ပင်ငယ်ပမာ။

လက်နှစ်ဆစ်မျှ သစ္စာပန်းအရွက်လေးတွေကို ရေလောင်းနေရင်း သူ့ရှိရာလှမ်းကြည့်မိသည်။ ကားထဲကထွက်လာသော နေရှိန်ကလည်း အိမ်ထဲသို့မဝင်သေး စိုင်းခန့်ဆီကိုသွာ လှမ်းကြည့်နေပြီး

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now