Ep-10(Unicode)

7.7K 1.3K 91
                                    




တရွေ့ရွေ့သွားနေသော အဝေးပြေးလမ်းမပေါ်က ကားတစ်စီးဟာ တစ်စုံတစ်ယောက် ရှိသော တောင်ကုန်းလေးဆီသို့ ဦးတည်နေသည်။ ကားအနောက်ခန်းတွင် လက်ထဲကကိုင်ထားသော ပန်းစည်းနဲ့ ကိတ်မုန့်ကို ကြည့်ကာ ပြုံးနေသော နှုတ်ခမ်းတစ်စုံ။

ကောင်လေးနဲ့ ဒီတစ်ခေါက်ပြန်တွေ့ရမှာကို နေရှိန် အရမ်းစိတ်လှုပ်ရှားနေမိသည်။ သုံးရက်အတွင်း လိုအပ်တာတွေ အကုန်လုပ်ဆောင်ပြီးတာနှင့် စိုင်းခန့်ရှိရာကို အပြေးလာနေခြင်းပင်။ အမြန်ရောက်ချင်စိတ်နဲ့ကားပြတင်း အပြင်ကို ငေးကြည့်နေရင်း နှစ်ည ဆက်တိုက်မအိပ်ရသေးသော မျက်ဝန်းတွေဟာ တဖြည်းဖြည်း မှိတ်ကျသွားလေတော့သည်။

ထိုအချိန်အမြင်အာရုံထဲမှာ ပေါ်လာသော ပုံရိပ်လေးတစ်ခုက မြူမှုန်တွေကြားမှာ ကျောပေးကာ ရပ်နေသော ကောင်လေးတစ်ယောက် ။ နေရှိန် အနားသို့တိုးသွားပြီး ပုခုံးကို ထိကိုင်ဖို့ ကြိုးစားချိန် အနောက်သို့ လှည့်ကြည့်လာသည်။ မျက်ဝန်းနက်လေးတွေနဲ့ ပြုံးပြနေသော ဒီမျက်နှာလေးက

"စိုင်းခန့်..? "

ပတ္တမြားဆွဲကြိုးနီလေးနဲ့ ကောင်လေးက တကယ်ပဲ စိုင်းခန့်ဖြစ်နေသည်။ ကြည့်နေရင်း အပြာရောင် ရှပ်အင်္ကျီရဲ့ ရင်ဘတ်နေရာမှာ သွေးတွေထွက်လာပြီး မျက်လုံးထဲမှ ကျဆင်းလာသော မျက်ရည်က အနီရောင်တွေ။မြေပြင်ပေါ်သို့ တတောက်တောက်ကျကာ အိုင်ထွန်းလာပြီး ကောင်လေး တစ်ကိုယ်လုံး ဒဏ်ရာတြွေဖင့် သွေးရောင်လွှမ်းသွားသည်။

"စိုင်း...! "

"ဆရာ ဘာဖြစ်လို့လဲ"

ရုတ်တရက် အော်လိုက်သော နေရှိန်အသံကြောင့် ရှေ့ခန်းမှ ကျော်ကျော်က လှမ်းမေးတော့မှ စိတ်ကို ခဏငြိမ်အောင် ထားပြီး အိပ်မက်ထဲက အကြောင်းရာတို့ကို သေချာတွေးမိသည်။

ထူးဆန်းတဲ့ဒီအိပ်မက်က နိမိတ်ပြတာ ဆိုရင် ကောင်လေးတစ်ခုခုများ ဖြစ်နေမလား။

"ဆရာ အဆင်ပြေရဲ့လား"

"ငါတို့ ဘယ်ရောက်နေပြီလဲ"

"တောင်ခြေကို ရောက်နေပါပြီဆရာ"

ဘေးကို ကြည့်လိုက်တော့ ကားလမ်းဆုံးနေပြီး သူတို့ ကားလည်း ရပ်ထားသည်။ကိတ်မုန့်နဲ့ ပန်းစည်းကို ယူကာ ကားပေါ်က ဆင်းလိုက်ပြီး နေရှိန် တစ်ယောက်တည်း တောင်ကုန်းပေါ် ဆက်တက်လာလိုက်သည်။အိမ်မက်ကြောင့် စိတ်တွေ လေးလံကာ နေရှိန်ရဲ့ ခြေလှမ်းတို့ အမြန်လှမ်းနေမိ၏။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now