Ep-4(Unicode )

8.5K 1.3K 22
                                    

အပြင်မှ အလင်းရောင်ငယ်လေး ပိုမိုကျယ်ပြန့်လာချိန် မနက်ခင်းဆိုတာ သိလိုက်ရသည်။နေရှိန် တစ်ညလုံးမေ့နေခဲ့တာဖြစ်ပြီးစောစောစီးစီး ဟိုလူကို ကောင်လေးကြုံနေရခြင်းပင်။

ထိုကောင်လေးက စကားသာ နည်းတာ စေတနာတော့ပါသည်။လက်နဲ့ ဒူးမှာ စည်းထားသော ပတ်တီးတွေကို ဖြည်ပြီး နေရှိန်နားမလည်တဲ့ အရွက်များအား ထောင်းကာပြန်အသစ်စီးပေးသည်။

နှဖူးက ဒဏ်ရာကို ဆေးထည့်ပေးတော့ နီးကပ်နေတဲ့ မျက်နှာလေးက ရှင်းလင်းစွာမြင်နေရပြီး အေးတဲ့ရာသီဥတုမှာ နေတာကြောင့် သူ့အသားအရေက ဖွေးတာထက်ကို ကြည်လင်လို့နေသည်။နားထင်ကနေ ပါးရိုးထိ မွှေးညင်းနုလေးတွေ ရှိပေမဲ့ နှုတ်ခမ်းမွှေးတော့ မပေါက်သေးဘူး။ဒါက ငယ်ရွယ်နုပျိုခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်မည်။မည်းနက်နေသော မျက်စံလေးက အလင်းပြန်ခြင်းကြောင့် ကြည်လင်နေတဲ့ ရေအိုင်လေးတစ်ခုလို အရောင်လဲ့နေသည်။ဒီမျက်လုံး ၊ မျက်ခုံးနဲ့ ကကြီးပုံ နှုတ်ခမ်းလေး...

"ကိုယ်တို့ တစ်နေရာမှာ ဆုံဖူးလား"

နှဖူးကို ဂရုစိုက်ကြည့်ပြီး စည်းပေးရာကနေ နေရှိန်မျက်နှာကို သေချာကြည့်နေသည်။ထို့နောက်

"ခင်ဗျားကို မနေ့ကမှ ပထမဆုံးမြင်ဖူးတာပဲ။ဆုံစရာအကြောင်းမှ မရှိတာ"

"အင်း .... ဟုတ်တယ် ကိုယ်လည်း ဒီဒေသကို အခုမှ ရောက်ဖူးတာပဲ။ဒါပေမဲ့..."

ဆက်မပြောဘဲ ရပ်လိုက်ပေမဲ့ ကောင်လေးကလည်း ထပ်မ​မေး။စိတ်ထဲ အရမ်းကို ရင်းနှီးနေသည်။မြေကွက်ဝယ်တုန်းက အဖေကိုယ်တိုင် ကြည့်ပြီးသားပြောလို့ ကိုယ်က စာရွက်စာတမ်းပဲ တာဝန်ယူရတာ။ကြားမှာ မဆောက်ဖြစ်သေးတာကြောင့်ရော အရင်ကတစ်ခါမှ မရောက်ဖူးသေးဘူး။

"ရပြီ"

ပြောပြီးချင်းပဲ ဝါးကြမ်းပေါ်က ဆင်းသွားကာ ခြင်းတောင်းတစ်ခုကောက်ကိုင်ပြီး အိမ်ပေါက်ရောက်သွားသည်။

"ထမင်းစားချိန် ပြန်လာခဲ့မယ်"

"ဘယ်သွား..."

မေးတာတောင် မဆုံးလိုက် သူပြောပြီးတာနဲ့ လှစ်ခနဲနေအောင်ထွက်သွားသည် ။ တော်တော် သွက်တဲ့ကလေး။

သစ္စာတည်၍ အမျက်တော်ပြေ S2Wo Geschichten leben. Entdecke jetzt