Ep-28(Unicode)

7.3K 1.2K 19
                                    







အော်ဟစ်ငိုကြွေးသံတွေကြား ကယ်ဆယ်နေသော လူတွေဖြင့် ရှုပ်ယှက်ခတ်စွာ။မြေစိုင်ကြားမှ အဆောက်အဦးအပိုင်းစတွေဟာ ကြေကွဲဖွယ် ဒုက္ခဘုံတစ်ခုအလား။

မြေကြီးကို လက်နဲ့ ကုတ်ခြစ်နေရင်း လက်သည်းကြားက သံစတွေထက် သူ့ကိုတွေ့ဖို့အရေးကြီးသည်။ တုန်ရီနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ထက် သူ့အသက်ရှူနေဖို့က ပဓာနမို့။ ရှိသမျှ အားနဲ့ တူးနေသော်လည်း ပြိုကျထားသော မြေသားထုကြီးက သူ့ကို ဘယ်လောက် နက်တဲ့အထိ ဆွဲခေါ်ထားသလဲ။

ပြန်ပေးပါ။ အဲ့ဒီတစ်ဦးတည်းသောလူက ကျွန်တော့် အပိုင်ပဲမို့ ဒီပထဝီမြေကြီးက အသက်နှုတ်ခွင့်မပေးနိုင်ဘူး။

မွန်းတည့်ချိန်မှာ ရှိနေသော နေမင်းရဲ့ အလင်းရောင်ဟာ ရွေ့လျားလျက်အနောက်ရက်ဆီသို့ ဦးတည်သွားသည်။တောင်စွယ်ကြားက ဆည်းဆာရောင်ဟာ စောစောကလှုပ်ရှားနေပြီး အခုတော့ဖြင့် သူ မဟုတ်သလို အသက်မဲ့နေသော မြေနီတွေပေါ် ရောင်ဖြာကျကာ အပူပေါ် အပူဆင့်လို့နေ၏။

သယ်ယူလိုက်တိုင်း အသက်မပါတော့တဲ့ ရုပ်အလောင်းတွေကို စေ့စေ့မကြည့်ရဲဘူး။သူမဟုတ်ဘူးဆိုတဲ့ စိတ်ကိုအားတင်းကာပဲ ဆက်ရှာသည်။

မဖြစ်မနေ တွေ့ဖို့ဆိုပေမဲ့ မလှုပ်မယှက်တော့တဲ့ ခင်ဗျား ခန္ဓာကိုယ်ကို မဟုတ်ဘူးနော် အစ်ကို။ပြောစရာ စကားတွေအများကြီးရှိနေတာမို့ ကျေးဇူးပြု၍ မသေပါနဲ့။ ရှင်သန်ပေးပါ ကျွန်တော့်ကို တကယ်ချစ်ရင် ပြန်လာပေးပါ။

မျက်ရည်တွေ ပြည့်လျှံနေသော်လည်း ပါးပေါ်သို့ လိမ့်ကျမလာ။ သွေးပေနေသော လက်တို့နဲ့ တူးဆွနေသော စိုင်းခန့်ကိုကြည့်ပြီး မြင်သူတိုင်း ရင်ထဲ မကောင်းစွာ ခံစားရသည်။တဖြည်းဖြည်း အမှောင်ဖုံးလာသော ကောင်းကင်နဲ့​လက်လျော့လိုက်ပြီဖြစ်သော တချို့တလေကြားမှာ လှုပ်ရှားနေဆဲ ပုံရိပ်လေးတစ်ခု။ ဘေးနားက ကူတူးပေးနေသော ကျော်ကျော်မှာ ထိန်းမထားနိုင်ဘဲ ငိုလေတော့သည်။

ထိုအခါ စိုင်းခန့်ရဲ့​အကြည့်စူးစူးတို့ ရောက်ရှိလာပြီး

သစ္စာတည်၍ အမျက်တော်ပြေ S2Där berättelser lever. Upptäck nu