Ep-16(Unicode)

7.3K 1.2K 48
                                    







ကျယ်ဝန်းတဲ့ ခြံထဲက လမ်းမကြီးကို ဖြတ်ပြီးသောအခါ ကားရပ်လိုက်သော နေရာက မိမိသိမ်ငယ်ခဲ့ဖူးသော နေရှိန်ရဲ့အိမ်ထက်ကို နှစ်ဆလောက် ကြီးတဲ့ အိမ်ဖြစ်နေသည်။တွေ့ချင်တယ် ပြောပြီးမှ အခုကျတော့လည်း ကြောက်စိတ်ဝင်လာကာ အဆင့်ကွာခြားတာသိလေ ပိုမိုသိမ်ငယ်လေဖြစ်သည်။

ကားတံခါးကို နေရှိန်ကိုယ်တိုင်ဖွင့်ပေးပြီး စိုင်းခန့်လက်ကို တွဲကာ ဆင်းစေသည်။အိမ်ထဲရောက်တော့ လက်ကို ရုန်းထွက်ပေမဲ့ အရာမဝင်။ ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ နွေးထွေးသော သူ့လက်ဖဝါးမှ ခွန်အားတွေစီးဆင်းနေသလို။

ပြောင်လတ်နေသော ပန်းကနုတ်ပုံ ကြွပြေားခင်းကိုသာ စိုက်ကြည့်ရင်း စိုင်းခန့် ခေါင်းမမော့ရဲ။တစ်နေရာ အရောက် နေရှိန်ခြေလှမ်းတွေရပ်တန့်သွားတာကြောင့် မော့ကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေသော လူနှစ်ယောက်ရှိနေသည်။ တစ်ယော​က်က အသက် ၅၀ခန့် အရွယ်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး မျက်လုံး၊မျက်ခုံး က နေရှိန်နဲ့ ခပ်ဆင်ဆင်။ ထိုသူကဧည့်ခန်းရဲ့ ထိပ်ဆုံးခုံမှာထိုင်နေပြီး စားပွဲပေါ်က Laptop ကို အာရုံစိုက်နေသည်။ နောက်တစ်ယောက်က ဘေးခုံမှာ ထိုင်ပြီး စာဖတ်နေသော အမျိုးသမီးတစ်ဦး။မြန်မာဝတ်စုံကို ဆင်ယင်ထားသော်လည်း သပ်ရပ်ကျော့ရှင်းကာ ခြေချိတ်ထိုင်နေပုံက မြင်ရုံနဲ့ ရှိန်သွားစေသည်။

တိတ်ဆိတ်နေသော ဧည့်ခန်းထဲ ဝင်လာတာနဲ့ စိုင်းခန့် လက်တွေ တုန်တုန်ယင်ယင်။ ဒါကို သတိထားမိသွားတဲ့ နေရှိန်က လက်ချောင်းတွေကို ယှက်ဖြာကာ ခပ်ဖွဖွလေး တင်းလိုက်၊ လျော့လိုက်ဖြင့် အားပေးနေသလို။ဒီအချိန်မှာ ချွေးမ လောင်းတွေ ယောက္ခမ ကိုလာတွေ့ရတဲ့ ခံစားချက်အား စိုင်းခန့် စာနာမိသည်။တူတော့ မတူဘူး။ နားလည်မိရုံသာ။

နှစ်ယောက်လုံး ဝင်ထိုင်လိုက်သည်အထိ သူတို့ အလုပ်သူတို့ အာရုံရနေသော ကြောင့်​တစ်ချက်တောင် လှည့်မကြည့်။မောင်းထုတ် ခံဖို့ တမင်လာတွေ့ပေမဲ့​လက်တွေ့ကျတော့လည်း လန့်မိသည်။

"ဒါ ကျွန်တော် လက်ထပ်မယ့်သူပါ အဖေ"

အဲ့လောက်ထိ မလိုဘဲ ချစ်သူအဆင့်လောက် ဆိုရင်ကို ငါ့သားနဲ့ ဝေးဝေးနေဆိုပြီး နှင်ထုတ်လို့ ရနေပါပြီလေ။

သစ္စာတည်၍ အမျက်တော်ပြေ S2Donde viven las historias. Descúbrelo ahora