Ep-20(Unicode)

7.5K 1.2K 31
                                    





မိုးရဲ့ အအေးဓာတ်ကြောင့် စောင်ထဲ ကွေးနေသော်လည်း စိုင်းခန့် မအိပ်ပျော်ပေ။ခုတင်ဘေးက နာရီကို ကြည့်လိုက်တော့ ည၁နာရီကို ညွှန်ပြနေသည်။
ရိုးသစ္စာဆိုတဲ့ နာမည်က သူ့နာမည်မဟုတ်ပေမဲ့ စိတ်ထဲ ရင်းနှီးနေသလို။ ကိုယ့်ကို ခေါ်လိုက်သလိုမျိုး ထူးလိုက်ချင်တဲ့ တုန့်ပြန်ချက်က ထူးဆန်းနေပြီး ထိုသူက ဘယ်သူလဲ ဆိုတာ စိုင်းခန့်မသိ။

သူခေါ်လိုက်တဲ့ နာမည်ကို ရေရွတ်လိုက်တိုင်း တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက် ဖြစ်နေသည်။ ဘယ်သူရယ်လို့ အတိကျမသိဘဲ ဟိုးရင်တွင်းတစ်နေရာကနေ တောင်းတမိတဲ့ လူတစ်ယောက်ကိုလွမ်းနေမိသလိုမျိုး။

စိုင်းခန့် ခံစားချက်တွေမသေချာပေမဲ့ နေရှိန် ဒေါသထွက်နေတာတော့ သေချာသည်။ အဲ့နာမည် ကြားတဲ့အချိန်တုန်းက ထိတ်လန့်သွားတဲ့သူ့မျက်နှာမှာ ချက်ချင်းဖြူဖျော့လို့ ။ကားကို အကြမ်းကြီးမောင်းပြီး တစ်လမ်းလုံးလည်းစကားမပြော ။ အခု အိမ်ရောက်တော့လည်း စာဖတ်ခန်းထဲ ဝင်သွားပြီး အိပ်ခန်းထဲဝင်မလာပေ။
စာဖတ်ခန်းထဲမှာပဲ ဒီအတိုင်းအိပ်နေသလား။ နေရှိန်အကျင့်က ပန်ဒါ ဝက်ဝံလေးတွေလိုပဲ တွေ့တဲ့နေရာအိပ်တတ်သည်။

အိပ်မပျော်တဲ့အဆုံး အခန်းထဲက ထွက်လာပြီး နေရှိန်ရှိတဲ့ စာဖတ်ခန်းဆီ သွားကြည့်တော့ မရှိပေ။ ဒါကြောင့် အောက်ထပ်ကိုဆင်းလာလိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ သူ့ကို တွေ့ရသည်။ ဆိုဖာပေါ် ခေါင်းမှီိကာ ခပ်လျောလျောထိုင်နေပြီး မျက်လုံးတွေ မှိတ်ထားသည်။လက်တစ်ဖက်က အရက်ထည့်ထားသော ဖန်ခွက်တစ်ခုကို ကိုင်ထားပြီး နောက်ဖက်က မီးညှိထားဆဲ စီးကရက် တစ်လိပ်နဲ့။သောက်ထားပြီးသား ဆေးလိပ်ဘူးခွံနှစ်ခု စားပွဲပေါ်မှာပွထလို့။ဒီလိုသောက်နေရင် သူရောဂါရတော့မည်။

စိုင်းခန့် အနားလျှောက်သွားလိုက်တော့ ဖျက်ခနဲ ပွင့်လာတဲ့ မျက်ဝန်းတွေကြောင့် အနည်းငယ်လန့်သွားသည်။ အရက်ရှိန်ကြောင့်လားတော့ မသိ မျက်လုံးတွေက နီရဲပြီး အကြည့်တွေ စူးရှရှဖြင့််

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now