Ep-5(Unicode)

8K 1.3K 42
                                    



လျှပ်စစ်မီးမရှိသော တဲအိမ်လေးရဲ့ ညအလင်းရောင်ကို နေရှိန် အကျင့်သားရလာသည်။ ကြမ်းခင်းပေါ် စောင်အပါးတစ်ထည်သာခင်းထားတာမို့ အိပ်လို့မပျော်တဲ့အပြင် ရှည်လျားလွန်းတဲ့ အရပ်ကြောင့် ခြေထောက်ကဆန့်လိုက်တာနဲ့ ခြင်ထောင်အပြင်ဘက်ရောက်သွားတတ်သည်။ဒီထက် ပိုဆိုးတာ ညနေကတည်းက ဗိုက်ထဲ ရစ်ပြီး အောင့်နေတာ။ဘာမတည့်တာ စားမိသွားလည်းမသိ။ကောင်လေးရော သူရော ညနေက ဆန်ပြုတ်နဲ့ကြက်ဥပြုတ်ပဲ စားခဲ့ကြပြီး ကြက်ဥက ဖြစ်တာများလား။မသေချာပေ။

ခြေဆန့်လို့ မရတဲ့ အတူတူ ဗိုက်အောင့်တာရော သက်သာအောင် ဒူးကွေးပြီး တစ်ဖက်စောင်းလှည့်လိုက်သည်။ဇာခြင်ထောင်အတွင်းမှ ဖောက်မြင်နေရသော တဖက်ခြင်ထောင်ထဲမှ မျက်နှာလေး။ထိုကောင်လေးအောက်မှာ ခင်းထားတဲ့ စောင်ဟာ ကိုယ့်ကျောအောက်က စောင်ထက်ကို ပါးလွှာနေသေးသည်။ အေးချမ်းစွာအိပ်ပျော်နေသော ကောင်လေးအား ကလေးလေးတစ်ယောက်နဲ့တူတယ်လို့ တွေးမိတဲ့ ကိုယ့်အတွေးကို လွန်တယ် မထင်။ တကယ်လည်း နုပျိုလတ်ဆက်လွန်းတဲ့ ကလေးသာသာကောင်လေးပါပဲ။

ကြည့်နေရင်း ညည်းညူသံသဲ့သဲ့လေးနဲ့အတူ လက်တစ်ဖက်က ခြင်ထောင်အပြင်ဘက်ရောက်လာသည်။ထပြီး သူ့ခြင်ထောင်ဘက် ပြန်ထည့်ပေးရင်း ကြည့်လိုက်တော့ လက်ချောင်းလေးတွေနဲ့ လက်ဖဝါးပြင်မှာ ရှရာတွေဖြင့် သွေးစို့နေသော ဒဏ်ရာတွေက ဗရပွ။

လက်ကို ရင်ဘတ်နားလေး အသာချပေးလိုက်တော့ ပက်လက်အနေအထားပြောင်းသွားပြီး အနည်းငယ်တွန့်ချိုးသွားတဲ့​မျက်နှာလေး။မည်သို့ပင်စိတ်ဆောင်နေသည်ဆိုအုံးတော့ ဒီနုနယ်တဲ့ ခန္ဓာကိုယ်က ဘယ်အတိုင်းတာထိ ဒဏ်ခံနိုင်ရိုးလဲ။ဝါးကြမ်းခင်းက ကောင်လေးအသားတွေကို နာကျင်စေသလို စောင်အပါးကလည်း တာသွားမည်မဟုတ်။

သူ့ကို စတွေ့ကတည်းက မနေနိုင်မထိုင်နိုင် လိုက်ပူပန်နေရတာတော့ သဘာဝမကျပေ။ကိုယ်တိုင် စိတ်ညစ်စရာ မိသားစုမှာ နေနေရပါလားဆိုတဲ့ အတွေးဟာ ဒီကောင်လေးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ အရာဖြစ်သွားတတ်သည်။ရုတ်တရက်ကြီး ကလေးမွေးစားချင်စိတ်ပေါက်သွား တာလားမသိပေမယ့် သူ့ကို စောင့်ရှောက်ထားလို့ရရင် ကောင်းမယ်။

သစ္စာတည်၍ အမျက်တော်ပြေ S2Όπου ζουν οι ιστορίες. Ανακάλυψε τώρα