Ep-26(Unicode)

7.2K 1.2K 84
                                    








"ကိုတိမ်စိုင် ဒီနားမှာ ကားခဏ ရပ်ပေးလို့ရမလား"

"ခဏလေး ညီ ဒီနားက မီးပွိုင့်နဲ့မို့ အရှေ့နားလေးဆို ခန်းမကိုရောက်ပြီ အဲ့မှာ ရပ်ပေးမယ်နော် "

လှိုင်းကြက်ခွပ်လေးတွေပြေးလွှားနေသော ရေပြင်ကျယ်ကြီးနဲ့ သစ်ပင်တွေကြီးတွေ အုပ်ဆိုင်းနေ​သော နန်းမြို့ရိုးကြီးဆီကနေ စိုင်းခန့်အကြည့်မလွှဲမိ။ တစ်စုံတစ်ယောက်က ခေါ်နေသလိုမျိုး အပြေးသွားချင်နေတဲ့စိတ်အား အလွန်ညို့ယူနေသည်။

ကိုတိမ်စိုင်ရဲ့ အသိတစ်ယောက် မင်္ဂလာဆောင်ကို ဝင်ရအုံးမည်ဟုဆိုကာ မန္တလေး ကျုံးမြို့ရိုးဘေးသို့ ရောက်ရြှိခင်းပင်။စပြီးမြင်လိုက်ကတည်းက ဒီနေရာမှာ တစ်ယောက်ယောက်နဲ့​တွေ့ရတော့မယ်လို့ သိနေသလိုမျိုး။

ခန်းမကြီးရှေ့မှာ တိမ်စိုင်က ကားကို ရပ်လိုက်ပြီး ခါးပတ်အမြန်ဖြုတ်နေသော စိုင်းခန့်လက်ကို လှမ်းဆွဲကာ

"နေအုံး ကိုယ်လိုက်ပို့ပေးမယ် "

တံခါးဖွင့်ဖို့ပြင်နေသော စိုင်းခန့်ကို တိမ်စိုင်လှမ်းဆွဲလိုက်လို့တော်သေးသည်။ သူတို့ကားနဲ့ နန်းမြို့ရိုးကြီးကြားမှာ လမ်းမ တစ်ခုရှိနေသေးတာကိုတောင် သတိမထားမိ။တံခါးဖွင့်လိုက်မိရင် အနောက်က အရှိန်နဲ့လာနေတဲ့ ဆိုင်ကယ်တွေကို ဆီးတားလိုက်သလို ဖြစ်သွားနိုင်သည်။

တိမ်စိုင်က လမ်းရဲ့ ဘေးတစ်ဖက်က တံခါးကို ဖွင့်လိုက်ပြီး စိုင်းခန့်လည်း ထိုဘက်ပဲဆင်းကာ ကျုံးဘက်ကိုကူးလိုက်သည်။ ဘေးကို မကြည့်​ဘဲအရှေ့တည့်တည့်က ပြသာဒ်ထံသာ ကြည့်နေသည်မို့ တိမ်စိုင်သာ လက်တွဲမထားရင် တိုက်မိမှာအသေအချာ။

လမ်းတစ်ဖက်ကို ရောက်ပြီး တံခါးကနေဖြတ်လျှောက်ကာ မြို့ရိုးတံခါးပေါက်နဲ့ နီးလေ စိုင်းခန့် စိတ်လှုပ်ရှားလေဖြစ်နေသည်။ဘေးမှ တိမ်စိုင်လက်ထဲကနေ မိမိလက်ကို ရုန်းထွက်လိုက်ပြီး

"ကျွန်တော် ဒီနားမှာ ခဏနေချင်တယ် "

"နေလေ ကိုယ်စောင့်နေပေးမယ် "

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now