Ep-9(Unicode)

7.5K 1.2K 66
                                    




စမ်းချောင်းဘက်က ပြန်လာတော့ အိမ်ရှေ့မှာ ကျော်ကျော်နဲ့ ဇော်မျိုးနိုင် ရောက်နေကာ စိုင်းခန့်က သူုတို့ကို တစ်ချက်သာ ကြည့်ပြီးအိမ်ထဲဝင်သွား တာကြောင့် ချယ်ရီပင်အောက် ကွပ်ပျစ်ဆီ ခေါ်လာလိုက်သည်။

"ဘာအကြောင်းထူးလို့လဲ"

"ဦးကြည်ရဲ့ ရေနံတွင်းကိစ္စပါဆရာ။သူတို့ ရှယ်ယာအမြတ်ငွေ ခွဲဖို့ BOD ( Board of director ) Meetingရှိတယ်တဲ့။ဆရာ ပျောက်နေတယ် ဆိုတဲ့ ကောလာဟလ သတင်းလို ထွက်နေတော့ ကျွန်တော် တို့ ဘက်က ရမယ့် အမြတ်ငွေကို ကုမ္ပဏီ ရဲ့ အရင်းတည်ငွေထဲ ပြန်ထည့်မလို့ဆိုပြီး ကြားထားပါတယ်။အဲ့ meeting မှာ ဆရာကိုယ်တိုင် လူလုံး ထွက်ပြပြီး လက်မှတ်ထိုးမှ အဆင်ပြေနိုင်မှာ ။မဟုတ်ရင် နောက်နှစ်ကျမှပေါင်းပြီး အမြတ်ငွေယူဖို့ဆိုတာ အောင်မြင်နိုင်ချေက ခန့်မှန်းလို့မရသေးဘူး၊ အခု ရတုန်းယူထားမှ သေချာလိမ့်မယ်"

ဇော်မျိုးနိုင် စကားဆုံးတော့ တဲအိမ်လေး ဘက်ကို လှမ်းကြည့်မိသည်။ အချိန်ခဏလေးသာ ရှိတော့တာမို့ ကောင်လေးနားပဲ နေချင်သော်လည်း ဒီကိစ္စက တခြား ကုမ္ပဏီ ကိစ္စတွေလို မျက်နှာလွှဲလိုက်လို့မရ။ အနာဂတ်အတွက် စထားတဲ့​ခြေလှမ်းဖြစ်သလို ဒီကောင်လေးအတွက် ရည်ရွယ်ထားတာတွေရှိလို့ အရေးကြီးသည်။

"ကောင်းပြီလေ ငါပြန်လိုက်ခဲ့မယ် ၊ မင်းတို့ ဒီမှာ ခဏ စောင့်နေအုံး"

နေရှိန် အိမ်ထဲဝင်လာတော့​ကောင်လေးက ခေါက်ဆွဲခြောက် နှစ်ဘူးကိုဖောက်ကာ ရေနွေးတည်ဖို့​လုပ်နေသည်။ အင်္ကျီအမြန်လဲလိုက်ပြီး ဘယ်လို ပြောရမလဲဆိုတာ ဦးနှောက်ကိုလည်း အလုပ်ပေးလျက်။နေရှိန် အဝတ်စားလဲပြီးတော့ စိုင်းခန့်က ခေါက်ဆွဲ ပြုတ်ပြီးသား ပန်းကန်နဲ့အတူ ပြန်ဝင်လာသည်။

"ဟိုနှစ်ယောက် မပြန်သေးဘူးလား။သူတို့ နှစ်ယောက်ဖို့ရော ထပ်ပြုတ်လိုက်မယ်"

နေရှိန်ပုံစံကို မမြင်သေး ပန်းကန်ကိုသာ ကြမ်းခင်ပေါ် ဂရုစိုက်ချရင်း မေးသည်။ထို့နောက် ဘာမြှပန်မဖြေတဲ့ နေရှိန်ကြောင့် အနောက်လှည့်ကြည့်လာပြီး ဝတ်စုံအပြည့်ကို မြင်တော့မှ သေချာကြည့်နေကာ မေးခွန်းများစွာရှိနေတဲ့ မျက်ဝန်းလေးတွေနဲ့အတူ တိတ်ဆိတ်စွာပဲ ခေါင်းငုံ့သွားတဲ့ကောင်လေးကြောင့် ခေါက်ဆွဲပန်းကန်ရှေ့ ဝင်ထိုင်လိုက်သည်။နှစ်ယောက် အတူတူ စားနေရင်း တစ်ချက်တစ်ချက်လှမ်းကြည့်နေတာကြောင့်

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now