Ep-24(Unicode)

7K 1.2K 32
                                    







Hotel ကိုရောက်တော့ သုံးယောက်ခန်းတစ်ခန်းယူလိုက်ပြီး ဝန်ထမ်းတစ်ဦးက ဦးဆောင်ကာ ခေါ်သွားသည်။ အခန်းထဲရောက်ချိန် တိမ်စိုင်က စိုင်းခန့် လက်ထဲကအထုပ်ကိုပြောင်းယူရင်း

"ညီခဏ နားအုံးနော် ညနေကျမှ ဘုရားဖူးသွားတာပေါ့ "

"ဟုတ်ကဲ့"

နှစ်ယောက်အိပ်ခုတင်တစ်လုံးနဲ့တစ်ယောက်အိပ်ခုတင်တစ်ခုပါရှိပြီး အနောက်ကဝင်လာတဲ့နေရှိန်က သူ့ရဲ့ကျောပိုးအိတ်ကို တစ်ယောက်အိပ်ခုတင်ပေါ် ပစ်တင်လိုက်သည်။ထို့နောက် အင်္ကျီချွတ်ပြီး ရေချိုးခန်းထဲ တန်းဝင်သွားတော့ တစ်လမ်းလုံးကိုယ်ပေါ်မှာ ခြုံထားတဲ့ လက်ရှည်ကို ချထားတဲ့ အထုပ်လေးပေါ်မှာ တင်ထားပေးလိုက်သည်။ ခဏအကြာပြန်ထွက်လာချိန် ထိုလက်ရှည်ကို သေချာလေးခေါက်ပြီး အိတ်ထဲ ပြန်ထည့်လိုက်သော နေရှိန်ကြောင့် စိုင်းခန့်အားနာသွားရသည်။ ခြုံထားပြီးသားဆိုတော့ ဟင်းနံ့တွေရော စွဲနေမှာကို မေ့ပြီးသွားတင်လိုက်တာ။စကားပြောချင်သော်လည်း လှည့်တောင်မကြည်တဲ့ နေရှိန်ကြောင့် စိုင်းခန့်မဝံ့ရဲတာမို့ ငြိမ်နေလိုက်ရတော့သည်။

နေရှိန်နဲ့တိမ်စိုင် ထမင်းသွားစားနေတဲ့အချိန် စိုင်းခန့်ရေချိုးပြီး အခန်းထဲမှာပဲ နားနေလိုက်သည်။ ခဏမှေးခနဲဖြစ်သွားပြီး ပြန်နိုးလာတော့ နှစ်ယောက်လုံးက အပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီး စိုင်းခန့်နိုးမယ့်အချိန်ကို ထိုင်စောင့်နေကြဟန်။

နေရှိန်က သူ့ခုတင်ဘက်မှာ ကျောမှီထိုင်ပြီးဖုန်းကြည့်နေသည်။တိမ်စိုင်ကတော့ ပြတင်းပေါက်အပြင်က ရှု့ခင်းကိုငေးကြည့်လျက်။

စိုင်းခန့် အချိန်ဆွဲမနေတော့ဘဲ မျက်နှာပြန်သစ်ကာ ရေချိုးခန်းထဲဝင်ပြီး ပုဆိုးနဲ့ ရှပ်အင်္ကျီအဖြူတစ်ထည်လဲလိုက်သည်။သုံးယောက်လုံး Hotelကနေ ကားနဲ့ပဲ ပြန်ထွက်လာပြီး အလိုတော်ပြည့် ဘုရားကိုရောက်တော့ နေရောင်တောင် သိပ်မရှိတော့။နေရှိန်က ဘုရားဖူးပြီး ချက်ချင်းပြန်ထွက်သွားတာကြောင့် စိုင်းခန့် နံရံဆေးရေးတို့တောင်ကြည့်ချိန်မရ အနောက်က လိုက်ရပြန်သည်။ ထို့အတူ စိုင်းခန့်ကို အရိပ်တကြည့်ကြည့်နဲ့ တစ်စုံတစ်ခုကိုရှာဖွေနေသော တိမ်စိုင်မှာလည်း ဘေးကပါလာတာကြောင့် အလိုတော်ပြည့် ဘုရားမှာ နာရီဝက်လောက်တောင် မကြာလိုက်ပေ။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now