Ep-12(Unicode)

7.6K 1.3K 118
                                    



သစ်ရွက်ခြောက်တို့ကို ဖြတ်နင်းလာသော ခြေသံဟာ သေမင်းရဲ့ စက္ကန့်ရေတွက်နေ​သော နာရီလက်တံကဲ့သို့။ဆေးထည့်ပြီးခါစ မီးလောင် ဒဏ်ရာတို့နှင့် လူတစ်ယောက်ကို မျက်လုံးတွင် အဝတ်စီးထားပြီး အပင်ခြေရင်းမှာလက်ပြန်ကြိုးတုတ်ထားသည်။ တဖြည်းဖြည်းနီးကပ်လာသော ခြေသံပိုင်ရှင်ဟာ စီးကရက်ကိုက်ခဲထားသော နှုတ်ခမ်းတစ်စုံကို တစ်ဖက်တည်းပြုံးလိုက်ပြီး

"မှောက်ပြီး ပုဆိုးချွတ်လိုက်"

နှစ်ခါပြောစရာမလိုသော အမိန့်သံအောက်မှာ ဘေးမှတပည့်ဖြစ်သူက ချက်ချင်းနာခံသည်။အပင်ခြေရင်းမှာ ထိုင်ရက်အတိုင်းရှိနေသော ထိုလူကို ဆွဲမှောက်ကာ ချွတ်လိုက်ပြီး ခြေထောက်တစ်ဖက်စီကိုလည်း ဘေးမှ သစ်ပင်နဲ့ကြိုးတုတ်လိုက်သည်။

"မင်း ... မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲ!! လွတ်စမ်း! ငါ့ကို ထိလို့ကတော့​မင်းတို့ကိုထောင်ထဲ ထည့်ပစ်မှာ"

"ကျစ် ! နားငြီးတယ် သူ့အဝတ်နဲ့ ပါးစပ်ကို ပြန်ဆို့ထားစမ်းကွာ"

ရုန်းကန်သော်လည်း မလွတ်တဲ့အပြင် အသံတောင် ထွက်မလာနိုင်တော့။ ဆေးလိပ်မီးခိုးငွေ့တို့ ဝဲနေသော မျက်နှာသွင်ပြင်ဟာ သစ်ကိုင်းကြားမှ ဖြာကျနေသော လရောင်ကြောင့် လှောင်ပြောင်ခြင်း အပြုံးတို့ ထင်းလင်းစေသည်။

"မင်းလက်ဖျံလောက် ရှိမယ့် သစ်ကိုင်းတစ်ခုရှာခဲ့ .... ဖြောင့်မနေစေနဲ့၊ ဆူးပါတာဆို ပိုကောင်းတယ်"

"ဟုတ်ကဲ့"

သိပ်မကြာခင် လူသူကင်းမဲ့နေသော တောင်တန်းတစ်နေရာမှာ ငရဲခန်းတစ်ခု ဖြစ်ပေါ်လာသည်။ပါးစပ်မှ အဝတ်ဆို့ထားသောကြောင့် ဝမ်းခေါင်းသံကြီးနဲ့ အော်နေသော်လည်း သဲကွဲစွာမကြားနိုင်။ လက်နှစ်ဆစ်လောက်ကျန်နေသော သစ်ကိုင်းခြောက်၏ အစွန်းတစ်ဖက်ကို ဖိနင်းလိုက်သော ရှူးဖိနပ်အောက်မှာ သွေးတွေ စီးကျလာပြီး လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။

"ရွာနားမှာသွားချထားလိုက် မသေစေနဲ့၊ ရှင်နေမှ နာတာကို သိမှာ"

တပည့်ဖြစ်သူက ခေါင်းညိတ်ပြကာ မေ့မြောနေတဲ့ ထိုလူကို ဆွဲခေါ်သွားသည်။
ဖိနပ်မှာ​ပေနေသော သွေးတို့ ကို သစ်ရွက်ခြောက်တို့ဖြင့် ဖိသုတ်လိုက်ပြီး လာရာလမ်းအတိုင်း လှည့်ပြန်သွားသော လရောင်အောက်က အရိပ်တစ်ခု။ချိတ်ဆွဲထားမြဲ မဲ့ပြုံးကကောင်လေးနာကျင်မှုထက် နှစ်ဆပြန်ခံစားရအောင် လုပ်လိုက်ရလို့ စိတ်ကျေနပ်နေသည့်ဟန်။

သစ္စာတည်၍ အမျက်တော်ပြေ S2जहाँ कहानियाँ रहती हैं। अभी खोजें