အပိုင်း (၁)- အန်းမိသားစု|အပိုင္း (၁)- အန္းမိသားစု|

51.1K 2.5K 40
                                    

Unicode

လူနာနှစ် ပထမဆုံးလ၏ နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့တွင် နှင်းထုကြီးက တဖွဲဖွဲ ကျဆင်းလျက်...။

တိုင်မင်းဆက်၏ ပြည်နယ်ဒေသများတွင် မြူနှင်းတို့ ထူထပ်စွာ ကျဆင်းလျက်ရှိပြီး လှပသော နှင်းဖြူဖြူတို့က လွှမ်းခြုံထားသည်မှာ စိတ်ကူးဖြင့် တွေးတော၍မရနိုင်လောက်အောင်ပင် လှပနေပေသည်။ ရာသီဥတုက အေးစက်လျက်ရှိနေသော်ငြား နှစ်သစ်ကူး၏ တက်ကြွဖွယ်အငွေ့အသက်ကို ချုပ်ထိန်းမထားနိုင်ပေ။ မြို့ကြီးမြို့ငယ်တိုင်းရှိ အိမ်တော်တိုင်းလိုလိုတွင် အနီရောင်မီးအိမ်တို့ကို ချိတ်ဆွဲထားကြသည်။

အန်းယွမ်စီရင်စုသည် တိုင်နိုင်ငံတော်ထဲရှိ စီရင်စုငယ်လေး ဖြစ်သည်။ နှစ်သစ်ကူး၏ သုံးရက်တာ ကာလပတ်လုံး တက်ကြွသည့်အငွေ့အသက်တို့ ထုံလွှမ်းနေလေပြီး အိမ်တိုင်းစေ့ ပျော်ရွှင်နေကြကာ မီးပုံးနီများနှင့် အနီရောင်ဆိုင်းဘုတ်များကို ချိတ်ဆွဲထားကြသည်။ သို့သော်ငြား ချမ်းသာကြွယ်ဝသော အိမ်တော်တစ်ခုတွင်မူ မီးပုံးဖြူနှစ်ခုကိုသာ တွဲလွဲချိတ်ဆွဲထားချေ၏။ အိမ်တော်တစ်ခုလုံးရှိ သခင်မှအစ အစေခံအဆုံး ဝမ်းနည်းပူဆွေးသည့် အငွေ့အသက်တို့ လွှမ်းခြုံနေပေ၏။

ထိုမိသားစုမှာကား အန်းယွမ်စီရင်စုတွင် အချမ်းသာဆုံး မြေပိုင်ရှင်ဖြစ်သည့် အန်းမိသားစု ဖြစ်လေသည်။

အန်းမိသားစု အိမ်တော်ဝန်း...။

အာရုဏ်မကျဉ်းသေးမီ မြူထူထူတို့က ရစ်သိုင်းလျက်ရှိပြီး ကြက်ဖတွန်သံက ဆွဲဆွဲငင်ငင် ထွက်ပေါ်လာ၏။

စောစီးလှသည့် မနက်ခင်းတွင် အဖြူရောင်ဝတ်စုံနှင့် အစေခံက ရေနွေးဖြည့်ထားသော သစ်သားဇလုံကို လက်နှစ်ဖက်ဖြင့်သယ်ပြီး လျှောက်လမ်းတစ်လျှောက် သွားနေသည်။ သူမက အလျင်စလို လျှောက်နေပေ၏။

အခြားအစေခံများ အားလုံးသည်လည်း မိုးမလင်းခင်မှ အာရုဏ်တက်သည်ထိ ခြေထောက်နှင့် ​မြေကြီးမထိလောက်အောင်ပင် အလုပ်များနေကြသည်။ ပျားပန်းခပ်မျှ လှုပ်ရှားနေကြပြီး အလွန်ပင် တိတ်ဆိတ်နေသည်။ တစ်ဦးတစ်ယောက်မျှ စကားမဆိုကြသလို ခေါင်းငိုက်စိုက်ကျနေကြသည်။ တစ်ယောက်နဲ့တစ်ယောက်တိုက်မိရင်တောင်မှ ခေါင်းငြိမ့်ပြသည်ကိုပင် မလုပ်မိကြလေတော့။

The Big Landlord(MM Translation)Where stories live. Discover now