9.6K 1.7K 7
Unicode
အန်းကျီယန်အနေဖြင့် အန်းချန်တိကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ရုံလေးနှင့် သူ့စိတ်ထဲ၌ ကြံစည်နေသမျှကို သိနိုင်စွမ်းပေ၏။
"ဒေါ်လေး... အားနာပေမဲ့ ခုနက ပြောလိုက်တာကို ကျွန်တော် သေချာမကြားလိုက်ရဘူးရယ်...စိတ်မရှိရင် ထပ်ပြောပေးပါလားဗျ"
ကျီယန်က အန်းချန်တိ၏ ဇနီးဖြစ်သူ ဝူကျီး ကို ကြည့်ကာ ပြောလိုက်၏။
ဝူကျီးမှာ တုန်လှုပ်ဆွံ့အသွားရသည်။ အန်းကျီယန်လို ပျင်းရိလွန်းတဲ့ ကောင်လေးက စကားအစအနလိုက်ကောက်တဲ့အထိ ဘယ်လိုများ စိတ်အားထက်သန်နေပါလိမ့်!။
"ကျီယန်...အဒေါ်ဆိုလိုတာက မင်းက သိပ်ပြီး အရွယ်မရောက်သေးဘူးလေ။ ပြီးတော့ မင်းက မင်းအဖေဆီကနေ အတွက်အချက်ပညာကိုလည်း မသင်ခဲ့ရဘူးမို့လား။ အန်းမိသားစုရဲ့ လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေကို ကိုင်တွယ်ရတာက မင်းအတွက် အရမ်းခက်ခဲနေမှာပေါ့။ ပြီးတော့ မင်းအနေနဲ့ နားမလည်နိုင်တဲ့အရာတွေ အများကြီးပဲ ရှိနေသေးတယ်။ မင်း အလိမ်ခံမှာစိုးရိမ်လို့ အဒေါ်နဲ့ မင်းဦးရီး တိုင်ပင်ပြီး သူ့ကို အချိန်ခဏလောက် မင်းကို ကူညီခိုင်းထားတယ်"
သူမက ပြောရင်း သက်ပြင်းကို ကျယ်လောင်စွာ ချလိုက်သည်။
"မင်းအဖေနဲ့ မင်းဦးရီးက အရမ်းကို သွေးရင်းခဲ့ကြတာ...ရင်းဆို သွေးရင်းညီအစ်ကိုတွေကိုး။ အခုလို သူဆုံးပါးသွားတော့ မိသားစုဖြစ်တဲ့ အဒေါ်တို့က မင်းကို ကူညီပေးရမှာပေါ့။ မင်းအနေနဲ့ အဒေါ်တို့ကို ကျေးဇူးတင်စရာ မလိုပါဘူးလေ...ဒါက အဒေါ်တို့ လုပ်ပေးသင့်တဲ့ကိစ္စပါပဲ"
ကျီယန်က ဟန်လုပ်ပြုံးလိုက်ပြီး ပြန်ပြောလိုက်ချေ၏။
"အဒေါ်ပြောသွားတာက တကယ့်ကို မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖေနဲ့ ဦးရီးက သူတို့ လူငယ်ဘဝကတည်းက စီးပွားခွဲထွက်ခဲ့ကြတာလေ။ အခုဆို ဦးရီးမှာလည်း ကိုယ်ပိုင်မိသားစုလေး ရှိနေပြီ။ ဦးရီးသာ ကျွန်တော့်ကို လာကူညီမယ်ဆိုရင် ကျွန်တော်ကတော့ အပြစ်ရှိသလို ခံစားနေမိမှာပါပဲ။ ပြီးတော့ အခုရက်ပိုင်း ကျွန်တော် အိမ်တော်ထိန်းဆုဆီကနေ အတော်များများ သင်ယူပြီးပါပြီ။ သူက အန်းမိသားစုနဲ့ ပတ်သတ်ပြီး အားလုံးနီးပါးသိတယ်လေ။ ကျွန်တော်က အတတ်မြန်လို့တောင် သူက ချီးကျူးသွားသေးတာ...ဒါကြောင့်မို့လို့ မကြာခင် အန်းမိသားစုကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်နိုင်တော့မှာပါ"
The Big Landlord(MM Translation)Where stories live. Discover now