အပိုင်း (၂၆) - ကိုယ်လုပ်တော်|ကိုယ္လုပ္ေတာ္|

8.5K 1.7K 52
                                    

Unicode

ထိုစကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

အန်းကျီယန်က အသက်ပြင်းပြင်းရှုလိုက်ကာ သူ့လက်ကို ညင်သာစွာ ဆွဲထုတ်ကြည့်လိုက်သည်။ သူ ဆွဲထုတ်၍ မရသည့်အတွက် စိတ်ရှည်ရှည်နှင့် ပြောလိုက်လေ၏။

"လောင်ဝမ်ရယ်...ခင်ဗျား လူမှားနေပြီ။ ကျွန်တော်က ခင်ဗျားရဲ့ မြေးလေးမဟုတ်ပါဘူး"

'ခင်ဗျားရဲ့ မြေးလေးက ဘေးကနေပြီး ခံစားချက်မရှိသလို စိုက်ကြည့်နေတာလေ...။

အန်းကျီယန်က ထိုသို့ တွေးလိုက်မိ၏။

ဖူလောင်ဝမ်ရယ်က သူပြောသည်ကို နားမထောင်ပါပေ။ ထိုအစား သူက ပြုံးဖြဲဖြဲ လုပ်ပြကာ စိတ်မချမ်းမြေ့သည့် အမူအရာနှင့် ပြောလာလေသည်။

"မြေးလေး...အဖိုးကို သဘောမကျလို့လားဟင်?ပြောပါ...အဖိုးပြောင်းလဲလိုက်ပါ့မယ်"

အန်းကျီယန် မှာ ရုတ်ချည်းပင် ခေါင်းကိုက်လာသလို ခံစားလာရ၏။ ကြည့်ရသည်မှာ ဖူလောင်ဝမ်ရယ်၏ ခေါင်းက တစ်ခုခု မှားယွင်းနေဟန်ရသည်။ သူက သူ့ရဲ့ မြေးကိုတောင် တခြားတစ်ယောက်နှင့် မှားနေလေ၏။ အန်းကျီယန် အနေဖြင့် သူက လွန်ခဲ့သည့် ဆယ်နှစ်က တစ်ခုခုကို မှတ်မိလိမ့်မည်ဟု တွက်ထားနိုင်ပါ့မလား? ဖူဝူထျန်း က သူ့အဖိုးကို ဤမျှ လွယ်ကူစွာဖြင့် ခေါ်ထုတ်လာသည်မှာ အံ့သြစရာ မရှိပါပေ။ ထိုသူက ဖူလောင်ဝမ်ရယ်အနေဖြင့် ဘာကိုမှ မပြောနိုင်ကြောင်း တွက်ထားပြီး ဖြစ်ပေမည်။ ဖူလောင်ဝမ်ရယ်အနေဖြင့် ဟန်ဆောင်နေစရာလည်း လိုအပ်မည်ဟု သူမထင်ပေ။

အန်းကျီယန် က ဖူဝူထျန်း ကို ကြည့်ကာ ပြောလိုက်၏။

"ဝမ်ရယ်...ဖူလောင်ဝမ်ရယ်က ဒီကိစ္စကို သတိရနိုင်လောက်လား?"

သူ့ရဲ့မျက်နှာကို စိုက်ကြည့်နေရင်းမှ ဖူဝူထျန်းက ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက သူ့မှာ ပြင်းထန်တဲ့ နေမကောင်းမှုကြီး ဖြစ်သွားခဲ့တယ်။ သူသက်သာပြီး နိုးလာတော့ ခုလိုမျိုးဖြစ်သွားတယ်။ တစ်ခါတစ်လေကျရင် သူ့မှာ မှတ်ဉာဏ်တွေ ရှိနေပြီးတော့ တစ်ခါတစ်ရံကျ ဘာမှ မမှတ်မိတော့ဘူး။ သူက မကြာခဏလည်း လူမှားတတ်တယ်"

The Big Landlord(MM Translation)Where stories live. Discover now