အပိုင်း (၃၁) - လက်ထပ်ပွဲမှ ထွက်မ​ပြေးမီ|

8.4K 1.5K 66
                                    

Unicode

စာကြည့်ခန်း အတွင်းမှ ထွက်ခွာသွားပြီးနောက် ချောင်အာနှင့်ရှင်းအာ တို့မှာ သူတို့ သခင်မလေးရှိရာ အဆောင်ဆီသို့ အလျင်စလို ပြန်သွားလိုက်ကြသည်။

ထိုင်ခုံပေါ် ထိုင်နေပါသည့် အန်းယွီကျီးက ရုတ်ချည်းဆိုသလို မတ်တပ်ထရပ်ကာ အလျင်စလို မေးလိုက်မိ၏။

"အစ်ကိုကြီးက မင်းတို့နှစ်ယောက်ကို ဘာအကြောင်းမေးတာလဲ?"

"သခင်မလေး...မစိုးရိမ်ပါနဲ့ရှင်။ ရှင်းအာနဲ့ ကျွန်မ သခင်မလေးရဲ့ အခြေအနေအကြောင်းကို အများကြီး မပြောခဲ့ပါဘူး။ သခင်လေးက မသိသေးပါဘူးရှင်"

ချောင်အာက နှစ်သိမ့်စကားဆို၏။ သူမ၏ ပြုံးနေသည့်မျက်နှာထက်တွင် ဘဝင်ခိုက်ဟန်တို့ တွယ်ငြိနေလေ၏။

[T/N - ဒီနေရာမှာ ချောင်အာက ရှင်းအာအစား အမှတ် ဝင်ယူတာပါ။ သူ ဘာမှ သေချာမပြောခဲ့ပဲနဲ့များ 🙃]

နောက်ဆုံးတွင် အန်းယွီကျီး မှာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

ရှင်းအာက အကူအညီမဲ့စွာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေ၏။

"သခင်မလေး...သခင်မလေးတို့ နှစ်ယောက် သခင်လေးကို ဒီလိုမျိုး အရူးလုပ်တာ အဆင်ပြေပါ့မလား? သခင်လေးသာ ဒါကို သိသွားရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်"

သူမသခင်လေး အကြောင်း ပြောသည့်အခါ၌ အများကြီး မပြောရဲပါပေ။ သူမက အမှန်တရား၏ အစိတ်အပိုင်းတစ်ခုမျှသာ ပြောနိုင်လေပြီး သခင်လေးသာ သိရှိသွားပါက တုန့်ပြန်မှုမှာ သက်သက်သာသာ ရှိမည် မဟုတ်ပေ။

အန်းယွီကျီး က ထိုစကားကို ကြားသည့်အခါ စိတ်မသက်မသာ ဖြစ်သွားလေ၏။

"အစ်ကိုကြီးကို မသိစေကြနဲ့!"

သူမက ဒီကိစ္စကို အန်းကျီယန် ဆီမှ သတိရှိစွာဖြင့် ဖုန်းကွယ်ထားပေသည်။ အထူးသဖြင့် လက်ထပ်ပွဲက ကောင်းကောင်းမွန်မွန် ကျင်းပဖြစ်မည်ဟု ကြားလိုက်စဥ်ကတည်းက သူမ၏ အတွေးအကြံထဲတွင် ပို၍ပင် ဘူးခံငြင်းဆန်လာတော့သည်။

"ရှင်းအာ...နင် သိပ်ပြီး စိုးရိမ်မနေပါနဲ့။ နောက်ကျ သခင်လေး သိသွားရင်တောင်မှ သူက သခင်မလေးကို အပြစ်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ငါတို့ရဲ့ သခင်မလေးက ဖူနန်းတော်ထဲကို ဝမ်ဖေးအဖြစ် လက်ထပ်လိုက်ရတော့မှာလေ...ဘယ်သူက သူမကို အနိုင်ကျင့်ရဲမှာလဲ ဟမ့်"

The Big Landlord(MM Translation)Where stories live. Discover now